Extra 2 { Unicode}
သင်္ကြန်တွင်းရောက်လာပြီမို့ အမေနဲ့ကြီးကြီးကဥပုသ်ယူကြပေမဲ အဖိုးကတော့မုန့်လုံးရေပေါ်လုပ်ဖို့တာဆူနေသည်။ ကားနဲ့လည်ချင်တဲ့လုံးနဲ့သူ့အဖေကတစ်ပါတီ၊ အိမ်တွင်းပုန်းချင်တဲ့မျက်သွယ်ကတစ်ပါတီ ဒီလိုနဲ့မျက်သွယ်မဲရှုံးပြီဖြစ်၏။ လက်လက်ထမီးခဲကတော့ ရေပြွတ်တွေ၊ ပန်းကုံးတွေနဲ့ရယ်ဒီဖြစ်နေပြီမို့ မျက်သွယ်တကယ်ခေါင်းခဲရပြီ။
"မောင် တကယ်ဖြစ်ရဲ့လား၊"
"ဖြစ်ပါတယ်ကွ ငါသေချာကားကိုစစ်ထားတာ၊ စိတ်မပူနဲ့။ တစ်ခုပဲနော် မင်းကငါ့အနားနေ အတိုတွေမဝတ်နဲ့"
"အမိန့်တွေကလဲနော် များလိုက်တာ"
"မင်းယောကျာ်းမြို့ထဲမှာ ကွဲပြဲရန်ဖြစ်တာမြင်ချင်ရင်ဝတ်ပေါ့"
ကဲ အဲ့သလိုလူမိုက်စကားပြောတော့လဲ မျက်သွယ်အတိုမဝတ်ရတော့ပြန်။ Cargo pant အပွကို လက်ရှည်အမဲရောင်ခါးတိုနဲ့တွဲဝတ်ကာ သားရေဂျာကင်ကိုထပ်ဝတ်လိုက်သည်။ ဆံပင်ကိုကျစ်စံမြီးနှစ်ဖက်ကျစ်ထားတာမို့ မျက်နှာကဖူးကြွနေတော့၏။ ဒါကိုလဲမောင်မင်းခေါင်ကမကျေနပ်ပြန်။
"ဘာလို့အဲ့လောက်လှဖို့လိုတာလဲ၊ ကျွတ်စ် မသွားပဲနေကြမလား"
"ဪ ရှင်ကလဲလေ"
သူ့ခါးကိုဖက်ကာချွဲနေပုံလေးကချစ်စရာပေမဲ့လဲ ဒီပိုးတုံးလုံးကိုတစ်ခြားကောင်တွေ အာချောင်ရင်လက်ကအရင်ရောက်ဦးမယ်။ နဖူးမှာတံဆိပ်ကပ်လို့ရကြေးဆို မျက်သွယ်နဖူးမှာ လင်ရှိသည်လို့တကယ်ရေးထားမှာ။
"အာဘွား အာဘွား ရှင်အဲ့လိုသဝန်တိုနေရင်သမီးကပြသနာရှာလိမ့်မယ်နော်"
"မသိဘူးကွာ၊ လုံးဘက်ကနေမဲပေးခဲ့တာမှားပြီ။"
မျက်သွယ်နှုတ်ခမ်းကိုမထိတထိနမ်းပြီး သူ့ပါးနဲ့ကပ်ထားသည်။
"လာပါ လာပါသွားရအောင်၊ အဖိုးကလိုက်ဦးမယ်တဲ့"
"အဖိုးကဘောင်းဘီနဲ့ အိမ်ရှေ့ရောက်နေပြီ။ မျက်မှန်တောင်ပါသေး "
"မောင်ဆင်ထားတာလား"
"ဟုတ်တယ်"
စပ်ဖြီးဖြီးလုပ်နေတာမို့ နာနာလေးရိုက်ပစ်မိတော့သည်။ အဖိုးကိုလုပ်ချင်တာလုပ်နေကြတော့တာပဲ။ အပြင်ထွက်လာတော့ပုလဲလုံးက စတိုင်အပြည့်နဲ့ကားပေါ်တောင်ရောက်နေပြီ။ အားလုံးလမ်းမှာစားရအောင်မုန့်ဘူးတွေကို ခေါင်းခန်းကတင်ပြီးအဖိုးကလဲခေါင်းခန်းကလိုက်သည်။ မင်းခေါင်ကမြေးအဖိုးတွေကိုတော်တော်မွှေတာပါဆို။
ESTÁS LEYENDO
Red Flag Zone 🚫{ The Thief Who Stole My Heart}
RomanceStart date- 30 April 2023 End date- 10 Aug 2023 ပညာတတ်မိန်းမက သူခိုးတစ်ယောက်နဲ့မှပတ်သတ်မိခဲ့လျှင်၊ မချစ်ပဲလက်ထပ်ခဲ့ရလျှင် ကံကြမ္မာကရက်စက်ရာကြတာပေါ့။ ဒီလိုအမုန်းတွေကြားကခပ်ကြမ်းကြမ်းဇာတ်လမ်းကို နာမည်ပေးရရင် Red Flag zone🚫။ အလံနီပြထား၏ မည်သူမှမဝင်ရ။ ပ...