Part-31 Zaw gyi and Unicode

17.7K 615 47
                                    

Part-31

ညနေဆိုလမ်းထိပ်ကအုတ်ခုံမှာထွက်ပြီး မိန်းမကိုစောင့်နေတာရက်တွေကြာလာပြီဖြစ်သည်။ မိုးရွာလို့နေပူလို့မရှောင် မျက်သွယ်လာမဲ့အချိန်ဆို သူအရင်ရောက်နှင့်ပြီးသားပဲ။ မျက်သွယ်နဲ့သိပ်တည့်လှတာမဟုတ်ပေမဲ့ အရင်လောက်တော့စကားလုံးဆိုးဆိုးဝါးဝါးကြီးတွေနဲ့ စကားနာမထိုးတော့ပေ။ ဒီနေ့လဲမျက်သွယ်လာရာလမ်းကိုမှန်းဆကာ ထိုင်စောင့်နေသည်။ အင်္ကျီလက်တိုကိုကြယ်သီးတြွေဖုတ်ထားလို့ ရင်ဘက်ကိုအတိုင်းသားမြင်နေရသည်။ ပုဆိုးကတိုတို ဆေးလိပ်ကြီးခဲထားတာမို့ ရင်းနှီးတဲ့သူတွေကလွဲရင် ကျန်တဲ့လူတွေကသူ့ကိုနှုတ်မဆက်ရဲ။

လမ်းဘေးမှာကျွီခနဲကားရပ်တာနဲ့ မင်းခေါင်လည်ပင်းကအလိုလိုဆန့်ပြီးသား။ မိတ်ကပ်ရောင်ဝမ်းဆက်ကိုဝတ်ဆင်ကာ ဆံပင်ရှည်တွေကိုရေလှိုင်းတွေလိုကောက်ပြီးဖြန့်ထားတာမို့ အဝေးကကြည့်တာတောင်လှလွန်းသည်။ မင်းခေါင်ဆေးလိပ်ကိုနားရွက်နောက်ညှပ်ကာ အင်္ကျီရော၊ ပုဆိုးရောကိုသပ်သပ်ရပ်ရပ်ပြင်ဝတ်ပြီး ကားလမ်းကူးလာတဲ့မျက်သွယ်ကိုကြည့်နေလိုက်သည်။ ရုတ်တရတ်စက်ဘီးနဲ့ကောင်တွေက မျက်သွယ်ကိုဝိုင်းလိုက်တာမို့ မျက်နှာကရုတ်ချည်းတည်တင်းသွားရသည်။

"လှလိုက်တာ ဘယ်မှာနေတာလဲ"

"မမကသိပ်ချစ်ဖို့ကောင်းတယ်။ ပေးပါဦး ထမင်းချိုင့်လေးကိုင်ပေးပါ့မယ်"

"ဘေးဖယ်ပါ ငါ့လမ်းငါသွားပါရစေ"

"မမဘယ်မှာနေလဲလို့ ပြောသွားပါဦး"

စက်ဘီးနဲ့ကာကာမျက်သွယ်ကိုဝိုင်းပြီး နှောင့်ယှက်နေတာမို့ ရှောင်ထွက်ဖို့လုပ်ပေမဲ့မရပေ။ မျက်သွယ်ဘေးကရှောင်သွားတာတောင် ပိုက်ဆံအိတ်ကိုလှမ်းဆွဲတာမို့ မျက်သွယ်လန့်သွားရသည်။

"လွှတ်နော် နင်တို့ဘာဖြစ်နေလဲ"

"ဘယ်မှာနေလဲလို့ မမ"

"ငါ့အခန်းထဲမှာငါနဲ့နေတာ မအေ-ိုးရဲ့"

ဘယ်ကပေါ်လာမှန်းမသိ စက်ဘီးကိုဆောင့်ကန်လိုက်တာမို့ လူတွေရောစက်ဘီးပါကားလမ်းပေါ်ဝုန်းခနဲလဲတော့သည်။ မျက်သွယ်လက်ကိုဆောင့်ဆွဲပြီး သူ့ကျောနောက်ပို့ကာ လဲနေတဲ့ကောင်လေးတွေကို အင်္ကျီစကနေဆွဲထူသည်။

Red Flag Zone 🚫{ The Thief Who Stole My Heart}Donde viven las historias. Descúbrelo ahora