Part-51 Zaw gyi and Unicode

26.2K 725 61
                                    

Part-51 {ဇာတ်သိမ်း}

"သမီးရေ ခါးကိုတည့်တည့်ထိုင်လေကွာ၊"

"ကိုင်ထားနော်"

"ကိုင်ထားတယ်။ တည့်တည့်ကိုင် အရှေ့ကိုပဲကြည့်"

သမီးတစ်ယောက်ကိုစက်ဘီးစီးသင်ရတာတော်တော်မောသည်။ ခြံကကျယ်လို့သာပတ်နင်းခိုင်းနေရတာ၊ သူ့အဖိုးအဖွားမရှိတာနဲ့ ခြံပြင်ထုတ်ကာလမ်းမမှာတင် သင်လိုက်တော့သည်။ သူ့စက်ဘီးပုစိလေးကို လျစ်ထနေအောင်နင်းပြီး အရမ်းဆော့လို့အဖိုးက အပြင်မထုတ်တာထင်ပါတယ်။ သူအရမ်းမောလာလို့ရပ်ကာ သမီးရဲ့လေးဘီးပါစက်ဘီးလေးကိုဆွဲရပ်လိုက်သည်။

"ဆင်းဦး ဘေဘီရေ၊ ဖေဖေမောတယ်ကွ"

"ထိုင်လေ တင်နင်းမယ်"

"ရပါတယ်ဗျာ အိမ်ထဲဝင်ရအောင်၊ မေမေအလုပ်သွားတော့မယ်ထင်တယ်"

"လိုက်ချင်တယ်"

"မရပါဘူးဗျာ၊ စာလုပ်ရမယ်တဲ့"

သမီးကိုတစ်ဖက်ကချီရင်း တစ်ဖက်ကစက်ဘီးကိုတွန်းကာဝင်လာခဲ့သည်။ သူ့အမေကလှလှပပပြင်ပြီးဆိုင်ထိုင်ဖို့ထွက်လာတော့ သမီးကလှမ်းဆွဲထားသည်။

"လိုက်ချင်တယ်"

"ညနေမှဖေဖေနဲ့လာခဲ့။ အခုအထုတ်တွေဖြည်ရမှာ ရှုပ်ပွနေရော"

"ဖေဖေရှင်းလိမ့်မယ်လေ"

သမီးကအထွန့်တက်တော့မင်းခေါင်းမျက်ခုံးပင့်မိသည်။ တော်တော်ဆွေးနွေးနေရှာတာပဲ၊ ညိုတယ်ဆိုရုံလေးညိုပေမဲ့ သမီးကအရမ်းချစ်ဖို့ကောင်းသည့်အကြည်ဓာတ်လေးဖြစ်သည်။ ဖအေပေါ်ကနေဇောက်ထိုးဆင်းတော့ သူ့အမေကဖင်ကိုရိုက်ပြီးကားပေါ်တက်ကာထွက်သွားတော့သည်။

"မီးခေါင်! ရေချိုးပြီးရင်စက်ဘီးစီးကြမလား"

"ဟွန်း မေမေ့ဆိုင်ရှေ့လား"

"ဟုတ်တယ်၊ နွားနို့တိုက်ပါဦး ဗိုက်ဆာပြီ"

"ခုနကပဲထမင်းစားထားတာကို"

"မရဘူး သောက်ချင်တယ်"

"တော်တော့်ကိုဝတုတ်နေပြီနော်၊ အဖိုးတောင်မချီနိုင်တော့ဘူးမလား"

Red Flag Zone 🚫{ The Thief Who Stole My Heart}Tempat cerita menjadi hidup. Temukan sekarang