Part-47 Zaw gyi and Unicode

13.5K 678 62
                                    

Part-47

"မင်းခေါင်ရေ အဆင်ပြေလားကွ"

"ပြေတယ် ကိုမိုး"

စက်လှေနှစ်စင်းမျက်နှာချင်းဆိုင်အတွေ့မှာလှမ်းနှုတ်ဆက်ရင်း လိုရာခရီးကိုဆက်လာခဲ့သည်။ အင်းလေးမှာစက်လှေမောင်းရင်း ဘဝကိုဖြတ်သန်းနေတာ၆လလောက်ရှိပြီ။ မျက်သွယ်ကိုဆက်သွယ်စရာဖုန်းလဲမရှိတာမို့ သူမဆက်သွယ်ဖြစ်၊ ရတဲ့ပိုက်ဆံလေးတွေကိုစုထားပြီး သမီးလေးအတွက်သိမ်းထားတယ်။ ရှမ်းမဟုတ်တဲ့ရှမ်းတစ်ယောက် ပင်နီဘောင်းဘီနဲ့အင်္ကျီအဖြူကိုဝတ်ကာ အင်းထဲအလုပ်လုပ်လျှက်ရှိသည်။

ဒီနေ့နေသာနေလို့မောင်းရတာအဆင်ပြေတာပေါ့။ ခရီးသွားသိပ်များတဲ့ရာသီမို့ သူ့မှာနားရတယ်ကိုမရှိဘူး။ ခမောက်တစ်လုံးဆောင်းကာ နေပူပူမှာစက်လှေလိုက်နေရတာပဲ။ ခြေနဲ့လှော်တတ်အောင်သင်ပေးပေမဲ့ သူကမတတ်။

"နားပြီလား"

"နားပြီ ထမင်းလေးစားမလို့"

ခဏနားဖို့လုပ်ရင်းအိမ်ပြန်ကာ ထမင်းစားနားလိုက်သည်။ တစ်ယောက်ထဲလဲဖြစ်တော့ အရမ်းတော့မလုပ်လဲဖြစိတယ်။  နားလိုက် ဆွဲလိုက်ပေါ့၊ အင်းကသိပ်ကျယ်တော့သူပထမက တော်တော်ကြောက်တာ။ နောက်တော့လဲနေတတ်သွားတာပါပဲ။ သူနေတာရေပေါ်အိမ် ထရံကာလေးပါပဲ။ ကိုမိုးနဲ့တွဲနေတာ တစ်ယောက်ထဲမနေတတ်သေးလို့။ အင်းလေးကန်မှာမိုးရွာရင် သူရင်ထဲက အသည်းနှလုံးလေးတွေ ကျွတ်ထွက်မတတ်နာကျင်ရတယ်။

အရပ်လေးမျက်နှာဘာမှမမြင်ရပဲ အေးစိမ့်ပြီးမှိုင်းညို့နေတာ။ သူထမင်းစားသောက်ပြီး ခရီးသွားများတဲ့နေရာကိုပြန်လာကာ စက်လှေဆွဲဖို့ပြင်လိုက်သည်။

"ခေါင်ကြီး ဆေးလိပ်တစ်တို့"

"ယူလေဗျာ"

"ဒီနေ့လူများတယ်ခေါင်ကြီးရေ၊ ဆွဲထားဟ"

"စိတ်ချ စိတ်ချ "

မင်းခေါင်ဆေးလိပ်သောက်ရင်း ခရီးသွားတွေရှိရာကိုကြည့်လိုက်သည်။ မျက်လုံးတွေအရောင်တောက်ကာ လူကပူထူသွားရသည်။ ဂျင်းဘောင်းဘီအတိုလေးနဲ့ လက်ပြတ်အနက်ရောင်ခါးတိုပေါ်ကနေ လည်သာကုတ်အနက်ခါးရှည်ကိုထပ်ဝတ်ကာ မျက်မှန်တစ်လက်ကိုတပ်ထားသည်။ ဘဟ်လိုကြည့်ကြည့် ကလေးအမေလို့ထင်စရာမရှိ။ တကယ့်ကိုထိုင်မလေးအလားကိုလှနေတော့တာပဲ။ သူ့ကိုအခုထိတော့မမြင်သေး။

Red Flag Zone 🚫{ The Thief Who Stole My Heart}Donde viven las historias. Descúbrelo ahora