Part-7

13.5K 421 2
                                    

Zaw gyi and Unicode avialable

Part-7

"မျက်သွယ်ညနေတွေ့လို့ရမလား"

"အင်း ညနေတော့အားပါတယ်၊ ဘာလို့လဲဟင်"

"စကားပြောစရာရှိလို့ပါ၊ ကော်ဖီဆိုင်တစ်ခုခုထိုင်ကြတာပေါ့"

"ကောင်းပါပြီရှင့်"

ကိုစိုင်းမင်းမောင်ကချိန်းဆိုတာနဲ့ မျက်သွယ်လက်ခံလိုက်သည်။ အခုတလောအကြည့်တွေသတိထားမိပေမဲ့ ပြောမဲ့စကားကိုတော့မျက်သွယ်မမှန်းရဲသေးပါဘူး။
အလုပ်ချိန်တစ်ချိန်လုံး ကိုစိုင်းမင်းမောင်ကခိုးကြည့်နေတာမို့ ရုံးကလူတစ်ချို့ကပါရိပ်မိနေတော့သည်။ ညနေရုံးဆင်းတော့ သူ့ကားပါလာတယ်ဆိုတာနဲ့ မျက်သွယ်တို့ကော်ဖီဆိုင်တစ်ခုကိုဦးတည်ခဲ့တော့သည်။

"ကားဝယ်ထားတာကြာပြီလား"

"မကြာသေးဘူး၊ ငွေစုပြီးဝယ်တာလေ "

"မိုက်တယ်၊ မျက်သွယ်လဲငွေစုတယ် မဟုတ်ရင်အရမ်းသုံးမိလို့"

"ငွေစုတာကောင်းတယ် မျက်သွဟ်ရဲ့၊ လိုအပ်ရင်ချက်ချင်းထုတ်နိုင်တယ်"

"ဟုတ်တယ်နော် အခုမှပဲအကျင့်တူတဲ့သူတွေ့တော့တယ်"

ကိုစိုင်းမင်းကရယ်ပြီးကော်ဖီဆိုင်နားက ပါကင်မှာကားရပ်လိုက်သည်။ မျက်သွယ်ကိုကားတံခါးလာဖွင့်ပေးတာမို့ စိတ်ထဲကနေGentle man လို့သတ်မှတ်လိုက်သည်။

"မျက်သွယ်ဘာစားမလဲ"

"စတော်ဘယ်ရီကိတ်ရယ်၊ အင်း  Coffee latteရယ်"

"အိုခေ ခဏစောင့်နော်၊ ကိုယ်ယူလာခဲ့မယ်"

အေးပြီးမွှေးပျံ့ပျံ့ဆိုင်လေးရဲ့ မှန်ချပ်နားမှာမျက်သွယ်ထိုင်ကာစောင့်နေခဲ့သည်။ အသားခပ်လတ်လတ်နဲ့ ခန့်ခန့်ညားညားရှိတဲ့ကိုစိုင်းမင်းက သဘောကျလောက်စရာလူရည်သန့်လေးမဟုတ်လား။ မုန့်တွေကိုသူနဲ့တပါထဲသယ်ဆောင်လာပြီး

"မျက်သွယ်အတွက်"

"ကျေးဇူးပါရှင့်၊ ဒီနေ့က birthdayလား ဘာလို့မုန့်ဝယ်ကျွေးတာလဲ"

"မဟုတ်ပါဘူး၊ ကိုယ်ဒီတိုင်းစကားပြောချင်ရုံပါ။ ဘာပွဲမှမရှိဘူး"

Red Flag Zone 🚫{ The Thief Who Stole My Heart}Tempat cerita menjadi hidup. Temukan sekarang