Part-45 unicode
အချုပ်ခန်းရဲ့ထောင်တစ်နေရာမှာ ဒူးနှစ်ဖက်ပေါ်လက်ပိုက်လျက်ထိုင်ကာခေါင်းကိုငုံ့ထားသည်။ အချုပ်ထဲရောက်တာ ၄ရက်ကျော်သွားပြီ၊ ခေါင်းကဒဏ်ရာကမကျက်သေးပေမဲ့ သေချာဆေးကုလို့မရ။ သမီး ပြီးတော့ မျက်သွယ် သူတို့အဆင်ပြေကြရဲ့လား၊ အိမ်ကလူတွေဘာဖြစ်နေကြပြီလဲ ရပ်ကွက်ထဲကရောဘာတွေပြောနေကြပြီလဲ။ သူ့ခေါင်းထဲအတွေးကချာချာလည်နေတယ်။ မျက်သွယ်နဲ့သူတွေ့ခွင့်မရသေး အာမခံလဲမရသလို၊ ရှေ့နေကလဲငှားဆဲ။ မျက်သွယ်ရောက်လာတယ်လို့တော့ကြားတယ် ဒါပေမဲ့ရဲတွေကခွင့်မပေးခဲ့။ သူမျက်လုံးဆုံမှိတ်ကာ ခေါင်းထဲတစ်ခုပဲတွေးထားတယ် အဲ့တာမျက်သွယ်။
အင်္ဂါနေ့မနက် ၁၀နာရီ။ သူအင်းစိန်ထောင်ကိုပြောင်းခဲ့ရပြီး အထဲကနေအမှုရင်ဆိုင်ရမယ်။ အထဲမှာဆေးကုခွင့်ရပြီး လွတ်လပ်မှုကင်းတာကိုခံစားရတယ်။ လူကထုံပေပေပေမဲ့ သတိရစိတ်နဲ့ နောင်တကဒွန်တွဲကာလူကညှင်းသိုးသိုး။ ၁၅ရက်မြောက်မှာရုံးချိန်းစပြီး မျက်သွယ်နဲ့စတွေ့ခဲ့ရတယ်။ သွေးနုသားနုမိန်းမက ထောင်သားတွေထားတဲ့အချုပ်ခန်းထဲ ခပ်တည်တည်ဝင်လာခဲ့တယ်။ နူးညံ့တဲ့မိန်းမရဲ့ပုံရိပ်က အခုတော့နာကျင်မှုကြောင့်အသွင်ပြောင်းပြီး အကြောတင်းတင်းနေနေသလိုပါပဲ။
"မင်းခေါင် လူတွေ့ရှိတယ်"
သူထိုင်နေရာကနေသံတိုင်နားလျှောက်လာတော့ မျက်သွယ်ကအညိုဖျော့ဖျော့ဝမ်းဆက်ဝတ်ကာ ဆံပင်တွေကိုစီးထားတာတွေ့ရသည်။ အလှကြိုက်တဲ့မိန်းမကမျက်နှာကိုသေချာဂရုမစိုက်လို့ ဝက်ခြံဘုလေးတွေထွက်နေတာမြင်ရတယ်။ သံတိုင်ကြားကနေလက်အသာထွက်ကာဆံပင်ကို လက်ညိုးနဲ့ဖယ်ပေးပြီး တိုင်ကြားကနေရယ်ပြလိုက်သည်။
"မိန်းမ နေကောင်းရဲ့လား"
"ကျွန်မကမကောင်းစရာလား၊ ရှင်ရောခေါင်းကသက်သာလား၊ ဆေးကုပေးလား"
"အင်း ဆေးခန်းပြလို့ရတယ်။ငါသက်သာတယ် "
"ရှေ့နေရလာပြီ ရှင်စိတ်မပူနဲ့တော့။ ထမင်းရောစားရလား ကျွန်မထမင်းသယ်လာတယ်၊ ရော့ မြန်မြန်စား"
ESTÁS LEYENDO
Red Flag Zone 🚫{ The Thief Who Stole My Heart}
RomanceStart date- 30 April 2023 End date- 10 Aug 2023 ပညာတတ်မိန်းမက သူခိုးတစ်ယောက်နဲ့မှပတ်သတ်မိခဲ့လျှင်၊ မချစ်ပဲလက်ထပ်ခဲ့ရလျှင် ကံကြမ္မာကရက်စက်ရာကြတာပေါ့။ ဒီလိုအမုန်းတွေကြားကခပ်ကြမ်းကြမ်းဇာတ်လမ်းကို နာမည်ပေးရရင် Red Flag zone🚫။ အလံနီပြထား၏ မည်သူမှမဝင်ရ။ ပ...