Part-50 Unicode
"ပြန်တော့မယ် အိုက်မိုး၊ ကျုပ်ကိုခေါ်ထားပေးလို့ကျေးဇူးတင်တယ်။"
"ပြောစရာလား မင်းကျေးဇူးတွေဒီလောက်များတာ။ မင်းသမီးလေးနဲ့လာခဲ့ဦး။"
"လာခဲ့မယ် စိတ်ချ"
"ပြန်တော့မယ်နော်အစ်ကို"
"အေးအေး ညီမကြီး၊ ကလေးခေါ်ခဲ့ဦး"
"ဟုတ် ခေါ်ခဲ့ပါ့မယ်"
မျက်သွယ်တို့အင်းလေးကနေတဆင့် ပင်းတယကိုဝင်ကာလည်ခဲ့သေးသည်။ မင်းခေါင်ကတော့အထုတ်သယ်ပေါ့၊ အဲ့ဒီကနေမှတဆင့်ရန်ကုန်ကိုပြန်လာတော့ သူအိမ်ကိုဝင်ဖို့ခက်ခဲလို့နေသည်။ အဖိုးတို့အိမ်မှာပဲသမီးကနေနေတော့ သူပြန်ရမှာအားနာမိသည်။ အိမ်ရှေ့ရောက်တော့သူမဝင်ပဲရပ်နေတော့ မျက်သွယ်ကသူ့လက်ကိုဆုပ်ကိုင်ကာအားပေးသည်။
"အဆင်ပြေပါ့မလားပိုးလုံး"
"ပြေတာပေါ့၊ အကုန်လုံးကသတိရနေကြတာ။ ကြောက်ရင်မျက်သွယ်နောက်ကနေ"
မင်းခေါင်ရယ်ရင်းခေါင်းငြိမ့်ပြလိုက်သည်။ သူတို့တံခါးဖွင့်ရုံရှိသေး အိမ်ထဲကနေပေါက်စလေးကပြေးထွက်လာသည်။
"မေမေရေ! မေပြန်လာပြီ"
"အမလေး မေမေပြန်လာပြီရှင့်၊"
မျက်သွယ်ကပွေ့ချီကာပါးကိုနမ်းတော့ တစ်ခစ်ခစ်ရယ်ပြီးအနောက်ကိုလှည့်ကြည့်သည်။
"ဘယ်သူလဲ"
"ဖေဖေလေ ကြည့်လိုက်ပါဦး ဖေဖေရေ လုံးလုံးကိုကြည့်ပါဦး"
"မီးခေါင်လား ကြောက်"
"မကြောက်ပါနဲ့၊ မင်းခေါင် သမီးကိုခေါ်လိုက်ဦးလေ"
မင်းခေါင်သမီးကိုကြည့်ရင်းနေရာမှာ ခြေစုံရပ်နေမိသည်။ သမီးကမျက်သွယ်ပုခုံးမှာကပ်နေကာ မျက်လုံးသာဖော်ပြီးချောင်းကြည့်သည်။ ပါးလေးကိုတို့တော့ဟွန့်ဆိုပြီးလှည့်သွားလို့ မျက်သွယ်ကရယ်သည်။
"ရှင့်ကိုစိမ်းနေတာ၊ စိတ်မပူနဲ့ ရှင့်နားကပ်နည်းသင်ပေးမယ်"
မျက်သွယ်နဲ့အတူအိမ်ထဲဝင်လာတော့ အဖိုးကသူ့ကိုကြည့်ကာခေါင်းငြိမ့်သည်။

VOUS LISEZ
Red Flag Zone 🚫{ The Thief Who Stole My Heart}
Roman d'amourStart date- 30 April 2023 End date- 10 Aug 2023 ပညာတတ်မိန်းမက သူခိုးတစ်ယောက်နဲ့မှပတ်သတ်မိခဲ့လျှင်၊ မချစ်ပဲလက်ထပ်ခဲ့ရလျှင် ကံကြမ္မာကရက်စက်ရာကြတာပေါ့။ ဒီလိုအမုန်းတွေကြားကခပ်ကြမ်းကြမ်းဇာတ်လမ်းကို နာမည်ပေးရရင် Red Flag zone🚫။ အလံနီပြထား၏ မည်သူမှမဝင်ရ။ ပ...