Part-44 Zaw gyi and Unicode

13.2K 547 32
                                    


Part-44

"ဖက်တီးရေ ဖေဖေ့ကိုကြည့်ဦး၊ ဒီမှာကြည့် ဝက်ကလေးတွေ့လား"

ကလေးကိုဝက်ရုပ်လေးပြပြီးမြူနေတာမို့ သမီးကပျော်ရွှင်ကာလိုက်ကြည့်နေသည်။ မျက်သွယ်ဆေးရုံဆင်းဖို့အနာမကျက်သေးလို့ အခုထိမဆင်းရသေး။ အမေကလာစောင့်မယ်ဆိုတာကိုလက်မခံ၊ သူကဲဆေးရုံစောင့်ပြီး သန့်ရှင်းရေးကအစလုပ်ပေးတော့ မျက်သွယ်အားနာလှသည်။ မွေးလမ်းကြောင်းကချုပ်ရိုးအထိသူပဲသန့်ရှင်းပေးလို့ အမေဆိုမျက်နှာပူလို့တဲ့။ ပုဂ္ဂလိကဆေးရုံမို့ပေါ့ သားဖွားဆေးရုံဆိုသူဝင်လို့မရဘူး။ မျက်သွယ်ထမင်းစားသောက်ပြီး နို့အုံတစ်ခုလုံးကိုရေနွေးပုလင်းနဲ့ဖိဖိကာချေရသည်။ နို့သိပ်မထွက်လို့ချေရတာ အသားတောင်လောင်မတတ်ပဲ။ အမေကတော့ဟင်းချိုတိုက်ပါတယ်။

"ဝတုတ်မလေးကရှုးပေါက်ပြန်ပြီ။ အနှီးတေွတော့ကုန်ပါပြီ"

"ပေးလေ မျက်သွယ်လဲလိုက်မယ်"

"နေနေ ငါလဲမယ်။"

သူ့သမီးကိုသန့်ရှင်းရေးလုပ်ပြီး အနှီးထဲမထည့်တတ်တာနဲ့ဘောင်းဘီဝတ်ပေးကာ မျက်သွယ်လက်ထဲလာထည့်သည်။ နို့တိုက်ရင်းချော့သိပ်တော့ မျက်လုံးလေးတွေမှေးဆင်းကာ အိပ်ပျော်သွားတော့သည်။ သူ့အဖေကမကျေမနပ်နဲ့ ခြေထောက်လေးတွေကိုကိုက်သည်။

"နာသွားလိမ့်မယ် မကိုက်နဲ့"

"ဖွဖွလေးပါကွ "

"မရွံ့ဘူးလား ခြေထောက်ကြီးကို"

"ရွံစရာလား ငါ့သမီးလေး၊ကြည့်ဦး မင်းသမီးကနို့သောက်လိုက်အိပ်လိုက်နဲ့ ကောင်းကောင်းမဆော့ဘူး"

"ကလေးကရက်သားလေးလေ ဘယ်ဆော့ဦးမှာလဲ။လိုက်ပဲကြည့်တတ်ဦးမှာ ကလေးကဘာသိမှာလဲ"

"ငါကဆော့ချင်လှပြီ။ မင်းနို့ထွက်ရဲ့လား အသားတွေပူနေပြီ"

ရင်သားကိုကိုင်ကြည့်ပြီးယက်တောင်ခတ်ပေးသည်။

"ကလေးမွေးရတာဘယ်လွယ်ပါ့မလဲ၊ နို့ထွက်အောင်လုပ်ရတာပေါ့။ ရှင်အိမ်ပြန်နားဦးလေ အမေလာနေလိမ့်မယ်"

"မနေချင်ပါဘူးကွာ ဆေးရုံမှာပဲနေမယ်။ ငါ့သမီးနဲ့"

ဒါတောင်သမီးလေးကိုအသားဝါလို့ ဆရာဝန်တွေကစစ်ဆေးတာတွေလုပ်သေးတာ။ ကျန်းမာလို့သာပေါ့ မဟုတ်ရင်သူ့အဖေရင်ကွဲဦးမယ်။ သမီးလေးကချစ်စရာလေးပေမဲ့ ဆိုးမဲ့ပုံလေး၊ မျက်သွယ်နဲ့သူ့အဖေတော့ဆုံးမတိုင်း ရန်ဖြစ်ရမယ်ထင်တယ်။

Red Flag Zone 🚫{ The Thief Who Stole My Heart}Место, где живут истории. Откройте их для себя