Part-10

13.5K 461 16
                                    

Zaw gyi and Unicode
Part-10

"ကိုမင်းခေါင် မျက်သွယ်ကိုကူညီဦး"

"ပြောလေ"

ပုံနှိပ်တိုက်ကအရမ်းအလုပ်ဖြစ်နေတာမို့ အခုတလောမင်းခေါင်အလုပ်အရမ်းများနေတာ။ ချွေးတွေထွက်လွန်းတာနဲ့ အင်္ကျီကိုလှန်ကာမျက်နှာကိုသုတ်လိုက်သည်။ မျက်သွယ်ကသူ့အနားကခုံမှာထိုင်ပြီး ဆူပုတ်နေတာမို့အနားသွားထိုင်လိုက်သည်။

"ဘာခိုင်းမှာလဲ"

"မျက်သွယ်နဲ့ဈေးလိုက်ခဲ့ပေးပါလား။ အလႈရိွတဲ့ဟာကိုအက်ႌကမခ်ဳပ္ရေသးဘူး"

"အန်တီရော"

"ဘယ်သူမှမအားကြဘူး၊ ဟင်းချက်ဖို့သွားဝယ်တယ် အစ်ကို့ကိုခေါ်သွားတဲ့ "

"ရပါတယ် အဖိုးကိုပြောလိုက်မယ်"

စက္ကူတွေကိုဓားစက်နဲ့ဖြတ်ပြီးကာစ ဘယ်လောက်ပင်ပန်းနေလဲမပြောတတ်။ ဒါပေမဲ့မျက်သွယ်ကအလိုရှိတယ်ဆိုတော့လဲ.....။

"ဒီဟာလေးလှလား။"

ဈေးဝယ်စင်တာကမြန်မာအင်္ကျီဆိုင်လာကာ တစ်ခုချင်းပြနေတာမို့ မင်းခေါင်မရွေးတတ်။ အဖိုးကလိုက်သွားလိုက်ပါကွာလို့ပြောလို့ ပျော်ပျော်ကြီးလိုက်လာပေမဲ့ အခုလိုကိစ္စတွေမင်းခေါင်မရင်းနှီးပေ။ မရမ်းစိရောင်ဝမ်းဆက်လေးကလှပေမဲ့ သိပ်ပေါ်မယ်မထင်။

"မင်းကအသားဖြူတာပဲ၊ အရောင်တောက်တောက်လေးယူပါလား"

"မျက်သွယ်အသားမဲသွားလို့"

"ဘာ"

ဖြူဖွေးဥနေတဲ့သူကပဲ မဲတယ်ရှိရသေးတယ်။ မိန်းကလေးတွေများကွာ။ မင်းခေါင်စိတ်သိပ်မရှည်တာမို့ သက်ပြင်းကြီးကြီချကာ နဖူးပေါ်ကဆံပင်လေးတွေကိုခါထုတ်လိုက်သည်။

"မဲတယ်ဆိုတာ ငါ့လိုမျိုးမဲတာလား၊ အဓိပ္ပာယ်မရှိတာ ပိုးတုံးလုံးရယ် လိမ္မော်ရောင်လေးယူ"

လိမ္မော်ရောင်လို့ပြတဲ့အင်္ကျီက အမှန်ကအုတ်ကျိုးရောင်ဖြစ်သည်။ ကိုမင်းခေါင်ကဘာမှမသိဘူးပဲ။ မျက်သွယ်ရယ်ရင်းခေါင်းငြိမ့်ပြကာ ထိုအင်္ကျီလေးကိုအစမ်းဝတ်ကြည့်ဖို့ အဝတ်လဲခန်းဆီသွားလိုက်သည်။

Red Flag Zone 🚫{ The Thief Who Stole My Heart}Donde viven las historias. Descúbrelo ahora