Part-11

11.2K 434 6
                                    

Zaw Gyi and Unicode

Part-11

"သားကြီး အိပ်ပြီလား"

မင်းခေါင်လှဲနေတုန်းတံခါးခေါက်သံကြောင့်ထဖွင့်ပေးလိုက်သည်။ ကြီးဆင့်ကအထုတ်လေးပိုက်ကာ သူ့အခန်းထဲဝင်လာပြီး လေးလေးပင်ပင်ထိုင်ချသည်။မင်းခေါင်မွေ့ယာပေါ်ထိုင်ချပြီး

"ခုံမှာထိုင်လေ ခြေထောက်မကောင်းပဲနဲ့"

"ရပါတယ်၊ ကြီးကြီးတို့အိမ်ရောင်းပြီး ပိုတာလေး သားသိမ်းထားပေးပါလား"

ငွေထုတ်လေးသူ့လက်ထဲထည့်တာမို့ မင်းခေါင်မယူသေးပဲ

"ဘဘကကျွန်တော့်ကိုယုံရဲ့လား။ ငွေကအများကြီး"

"ကြီးကြီးတို့မှာသားပဲရှိတာ၊ သားကိုမယုံစရာလား"

"ကဲပါ၊ ပေးထား လိုအပ်ရင်လာပြောဦး။ အိမ်ကပြန်ပြင်ရဦးမှာသိတယ်မလား"

"ရပါတယ်သားရဲ့၊ သားဘဘကသူ့ဘာသာပြင်မယ်တဲ့ သားကြီးအလုပ်မသွားဘူးလား"

"မသွားဘူး၊ ၂ရက်နားထားတယ်"

"ဪ သားဘာစားမလဲ။ ဘာချက်ကျွေးရမလဲ"

"အဆင်ပြေတာချက်၊ နက်ဖြန်အိမ်လာပြင်ပေးမယ် ဘဘကိုပြောလိုက် လူကမသန်ပဲလျှောက်လုပ်မနေနဲ့လို့"

"သားနားပါ၊ ပင်ပန်းတော့မှာပဲ"

"နေပါ ကိုယ့်ဘာသာပြင်ပြီးဆေးခန်းရောက်နေမယ်"

ကြီးဆင့်ကပြုံးပြီးထွက်သွားတော့မှ မင်းခေါင်မွေ့ယာပေါ်လှဲချလိုက်သည်။ အလုပ်လဲပါးတာမို့ သူမသွားပဲနားဦးမယ်။ သွားရင်လဲစိတ်ဒုက္ခပဲရောက်နေတာ။ မြမျက်သွယ်ကောင်လေးက အိမ်ခဏခဏလာတော့သူမြင်ရတာအဆင်မပြေဘူး။
ခင်မောင်တိုးသီချင်းလေးကို ခပ်တိုးတိုးဖွင့်ကာမျက်စိမှိတ်ပြီး လှဲနေလိုက်သည်။

* ဖြူဖြူ စင်စင် ပုလဲလေးတွေကိုမှချစ်တယ်လို့ သူကဆိုလာစဉ် ~~~ ပုလဲလေးတွေဆိုတာကမာကောင်လေးတွေရဲ့ မျက်ရည်ပဲခင်~~~~ ဒါကြောင့်သာပဲလည်မှာမဆွဲစမ်းပါနဲ့ခင်။ *

သီချင်းကိုဆုံးအောင်နားမထောင်ပဲ ပိတ်ကာငူတ်တုတ်ထထိုင်လိုက်သည်။ အခုတလောလူကရူးကြောင်မူးကြောင်နဲ့ နေရတာအဆင်မပြေ။ မျက်သွယ်ကိုဘယ်တုန်းကကြိုက်မိတာလဲ။ လှလို့စိတ်ကစားတာနေမှာပါ။ ကိုယ့်စိတ်ကိုယ်ဖြေပြီး အိပ်ဖို့လုပ်တော့လဲမဟုတ်။ စိတ်ညစ်လိုက်တာကွာ။

Red Flag Zone 🚫{ The Thief Who Stole My Heart}Where stories live. Discover now