Part-43 Zaw gyi and Unicode

14.5K 624 30
                                    

Part-43

"အမလေးအေ သူများရပ်ရွာမှာရန်ဖြစ်လာရလား၊ မင်းခေါင်ရယ် နေ့စေ့လစေ့မိန်းမကိုခေါ်သွားပြီး အလန့်တကြားလုပ်ရတယ်လို့ဟယ်"

"တောင်းပန်ပါတယ်အမေ ကျွန်တော်လဲမထင်လို့ပါ"

"အရေးကြီးခွင်ကျယ်မဟုတ်ပါဘူး၊ အရင်ကရန်စရှိတဲ့သူတေွလေ သူတို့ဘာသာဖဲရှုံးတာ သူ့ကိုမြင်လို့လာမဲတာ"

"အမလေးဟဲ့ ဖြစ်မှဖြစ်ရလေ၊ ကြည့်စမ်း နင့်နဖူးကအားတိုင်းကွဲဖြစ်နေပြီ။ ဆေးရုံသွားပြဦး တော်ကြာဦးနှောက်ကင်ဆာဖြစ်နေမယ်"

"ဪ နင်ကတမျိုး၊ ကိုယ့်သားမက်ကိုများ"

"မဟုတ်ပါဘူး အဖေရဲ့၊ သမီးကစိတ်ပူလို့ပါ"

အမေကစိတ်ပူပြီးဗျစ်တောက်ဗျစ်တောက်ဆူတော့ နှစ်ယောက်လုံးစိတ်ညစ်ရတာပဲ။ မျက်ခုံးပေါ်မို့ပဲ မျက်လုံးသာဆိုကန်းရချည်ရဲ့။ သူလဲဒဏ်ရာဒဏ်ချက်နဲ့မို့ အမေကသိပ်မဆူတော့ပဲ ထမင်းဟင်းချက်ပေးပြီးပြန်သွားသည်။ အဖိုးကတော့ဂရုစိုက်နေဆိုပြီးသြဝါဒခြွေသွားတာပေါ့။

"ရှင်အဆင်ပြေရဲ့လား ဆေးသောက်တော့မလား"

"ရပါတယ် မင်းသာဂရုစိုက်ပါ"

"ပြပါဦး ရှင့်ဒဏ်ရာတွေ၊"

သူ့အင်္ကျီကိုလှန်တော့အသာတကြည်ချွတ်ပေးသည်။ ကျောတွေမှာသံကြိုးရာတွေကိုထင်းနေတာပဲ။ နံရိုးတွေမကျိုးတာပဲကျေးဇူးတင်ရမယ်။ မျက်သွယ်ဗိုက်ကိုထိန်းရင်းကြမ်းမှာထိုင်ကာ သူ့ကျောတေွကိုဆေးလိမ်းပေးလိုက်သည်။

"ရှင်ရယ် ငယ်ငယ်တုန်းကဘယ်လောက်များဆိုးခဲ့တာလဲ"

"မဟုတ်ပါဘူးကွာ ဒီလိုပါပဲ"

"သူတို့ကရှင့်ကိုဘာလို့ခေါ်တာလဲဟင်၊ ရှင်မဟုတ်တာတွေလုပ်ထားလို့လား"

"အင်း"

မျက်သွယ်မေးတော့သူကခပ်လေးလေးပြန်ဖြေသည်။

"မျက်သွယ်ကိုပြောပြမလား"

"မပြောချင်ဘူး၊ ငါ့မိန်းမနဲ့ကလေးစိတ်ညစ်အောင်မလုပ်ချင်ဘူး"

"သိထားတော့ပိုမကောင်းဘူးလား"

"သိသွားမှမင်းငါ့ကိုပိုမုန်းရင်ရော"

Red Flag Zone 🚫{ The Thief Who Stole My Heart}Donde viven las historias. Descúbrelo ahora