"သားတော် သဘောမတူနိုင်ဘူး မယ်မယ်"
"မရဘူး သားတော် နန်းကြာကိုလက်ဆက်ရလိမ့်မယ်"
"မယ်မယ်ရယ် သားတော်တို့ကမောင်နှမဝမ်းကွဲတွေလေ သူသူများတွေကြားရင်ဘာတေပြောမလဲ မယ်မယ် စဥ်းစားကြည့်ပါအုံး"
"စဥ်းစားစရာမလိုဘူး သားတော် "
သူ့ရှေ့ကမယ်မယ့်ကိုကြည့်ပြီး သူခေါင်းရမ်းမိသည်။ အရွယ်ရောက်လို့ လက်ဆက်ပွဲလုပ်ရမှာမှန်ပေမယ့် ခုကသူနှင့်မောင်နှမဝမ်းကွဲတော်စပ်သည့်နန်းကြာနဲ့တဲ့ လူကြားလို့မှမကောင်း မယ်မယ်ဟာဘယ်လိုတေများတွေးနေပါလိမ့်။ ဦးရီးတော်ကိုမျက်နှာမပူပေဘူးလား။ သေချာတာကတော့ သူနန်းကြာနှင့်လက်ဆက်ပွဲမလုပ်ချင်ပါ။ မွေးတည်းကမောင်နှမအရင်းတေလိုဘဲနေလာခဲ့ကြသည်မို့ နန်းကြာသည်သူ၏ညီမလေးသားဖြစ်သည်။
"သားတော် သဘောမတူလို့မရပေဘူး ဒါမယ်မယ့်အမိန့်ဘဲ"
"သဘောမတူရင်ဘာဖြစ်မှာလဲ မယ်မယ်"
"စဝ်အိုက်မိုင်းရှန်"
"......."
"ဘာဖြစ်မလဲသိချင်ရင်စမ်းကြည့်လိုက်လေ မယ်မယ်မလုပ်နိုင်တာဘာရှိမလဲလို့ "
"........."
"လက်ဆက်ပွဲလုပ်ဖို့ အဆင်သင့်ပြင်ထား သားတော် မယ်မယ်သွားမယ်"
ထွက်ခွာသွားပြီဖြစ်တဲ့ မယ်မယ့်ကျောပြင်ကိုကြည့်ပြီး သူသက်ပြင်းချမိသည်။ မယ်မယ်မလုပ်နိုင်တာဘာရှိမှာလဲ မယ်မယ်အကုန်လုပ်နိုင်တာပေါ့။ ဒီနယ်တစ်ဝိုက်မှာမယ်မယ့်ရဲ့အာဏာစက်က ပေါ့သေးသေးမှမဟုတ်တာကို။ ဒါပေမဲ့ သူဘာလုပ်ရမလဲ။ သူနန်းကြာနှင့်လက်ဆက်ပွဲမလုပ်ချင်ဘူး။ မချစ်မနှက်သက်တဲ့သူနှင့်အတူမရှိချင်သလို နန်းကြာကိုလည်းကိုယ့်နှမလေးဖြစ်နေသည်မို့ သူတစ်ခုခုစဥ်းစားရမည်။
သူဘာလုပ်ရင်ကောင်းမလဲ။ လက်ဆက်ပွဲမလုပ်ဘူးဟူ၍တော့ ငြင်းဆန်၍ရမည်မထင်ပါ။ မယ်မယ့်အကြောင်းသူအသိဆုံးဘဲမလား။ ဒါဆိုရင်သူဘာလုပ်ရမည်လဲ။ ထွက်ပြေးရမည်ပေါ့ါ ဤနေရာ ဤဒေသ ဤစံအိမ်ကြီးကို စွန့်ခွာပြီးထွက်သွားရမည်ပေါ့။ ဤနေရာသည် သူမွေးဖွားပြီးတည်းကနေခဲ့သည့်နေရာ သူတကယ်ထွက်သွားနိုင်ပါရဲ့လား။ ဒါမှမဟုတ် နန်းကြာနှင့်လက်ဆက်ပွဲလုပ်လိုက်ရမည်လား။ ဒုတိယအတွေးကိုလျင်မြန်စွာနှင့်ပင် မောင်းထုတ်လိုက်မိသည်။ သူ့နှမလေးကိုတော့ဖြင့်သူလက်မဆက်လိုပါ။ အင်း သူထွက်ပြေးရမှာပေါ့ါ အတွေးတွေနှင့်အပြင်ကိုထွက်မည်အပြု တံခါးဝတွင်မြင်လိုက်ရသောအစောင့်နှစ်ယောက်။
![](https://img.wattpad.com/cover/340498360-288-k651793.jpg)