အပိုင်း-၅

1.9K 121 18
                                    

အမွန်းတို့ထမင်းဝိုင်းတွင် လူစုံနေပြီ။အစကလေးယောက်တည်းရှိသည့် ထမင်းဝိုင်းမှာ ခုတော့ ငါးယောက်ဖြစ်နေလေပြီ။စဝ်အိုက်မိုင်းရှန်ဆိုသော အမျိုးသားတစ်ယောက် တိုးလာသည်လေ။

"မိုင်းရှန် ထည့်စားနော်အားမနာနဲ့ ငါတို့ကဧည့်ဝတ်ကျေပါ့မလားစိုးရိမ်နေတာ"

"ရပါတယ်ဥက္ကာ ငါကအရင်လိုသခင်လေးမဟုတ်တော့တဲ့အတွက် ငါ့ကိုထွေထွေးထူးထူးဂရုစိုက်နေစရာ မလိုပါဘူးကွာ ငါကဘယ်လိုဖြစ်ဖြစ် အဆင်ပြေပါတယ်"

"အဲ့လိုတော့လည်း မဟုတ်ဘူးလေကွာ မင်ကျေးဇူးတွေကငါ့အပေါ်မှာအများကြီးမလား"

"အခု စားလို့ရပြီလားဟင်"

သူတို့နှစ်ယောက်စကားပြောနေရင်း ထွက်လာသောအသံလေးကြောင့်ပြိုင်တူကြည့်မိတော့ နှုတ်ခမ်းစူပြီးဟင်းခွက်တွေကိုကြည့်နေသည့် အမွန်းဆိုသောကောင်လေး။

"အဲ အမွန်းကလည်း အကိုတို့စကားပြောနေတာကို"

"ရပါတယ်အနန်းရယ် အမွန်းဗိုက်ဆာနေပြီထင်တယ်"

"ဟုတ် ဆာနေပြီ"

"စားရအောင်"

မိုင်းရှန်ပြောပြီး သူ့ရှေ့ကဟင်းတစ်တုံးကိုနှိုက်ပြီး ကောင်လေးပန်းကန်ထဲကိုထည့်ပေးလိုက်တော့ ဝိုင်းကြည့်လာကြတဲ့မျက်လုံးတွေ။

"မမှီမှာစိုးလို့ ထည့်ပေးလိုက်တာ"

ထမင်းစားပြီးတော့ အိမ်ရှေ့မှာမမတို့နဲ့အကိုမိုင်းရှန်စကားပြောနေတုန်း အမွန်းပန်းကန်တွေဆေးပြီး အိုးတွေပါဆေးထားလိုက်သည်။မိန်းကလေးအလုပ်တွေဆိုပေမယ့် အမွန်းဝါသနာပါတာပါ။

"အဲ့လိုတော့မလုပ်ပါနဲ့ မိုင်းရှန်ရယ် ဆက်ခံသူသခင်လေးကိုငါကအလုပ်တွေမခိုင်းရဲပါဘူးကွာ"

"ငါကဆက်ခံသူမဟုတ်တော့ဘူးလို့ ဥက္ကာရ ငါကအခုသာမန်လူဖြစ်သွားပြီ"

"ဒါပေမဲ့ ကွာ"

"အဲ့လိုမလုပ်ချင်ဘူးဆို မင်းလယ်တွေငါ့ကိုပြန်ရောင်းမလား"

"ရောင်းတော့မရောင်းဘူးကွာ မင်းလုပ်ချင်ရင်ငါ့ကိုနည်းနည်းပါးပါး ပြန်ကူပေါ့ကွာ ငါလဲအဆင်ပြေသလိုကြည့်လုပ်ပေးပါ့မယ်"

ဆုံစည်းစေ[Completed] Where stories live. Discover now