အပိုင်း-၄

2.2K 123 18
                                    

မိုင်းရှန်မျက်လုံးများပွင့်လာပြီး ဘေးဘီကိုကြည့်မိတော့ ရေရေတံခွန်ကိုတွေ့ရသည်။သူရဲ့မှတ်ဉာဏ်ကို အလုပ်ပေးလိုက်တော့ မနက်ကသူရေတံခွန်အောက်ကိုခုန်ချ၍ ရေကူးပြီးကမ်းစပ်ကကျောက်တုံးပေါ်မှာ မောပြီးအိပ်ပျော်သွားတာဖြစ်သည်။အရင်ဆုံး သူ့ရင်ဘက်ပေါ်က အကောင်ငယ်လေးကိုကြည့်လိုက်တော့ မျက်တောင်လေးများလှုပ်လာပြီး မျက်လုံးလေးများဖွင့်လာသည်။အို!လှလိုက်တဲ့မျက်လုံးတွေ။

"အိပ်လို့ကောင်းလိုက်တာ"

"ငါတော့ညောင်းနေပြီ"

"ဟင်"

အသံကြားလို့ ခေါင်းထောင်ကြည့်လိုက်တော့

"အမလေး ဘုရားကယ်ပါ"

ဟိုလူ ဒဏ်ရာနဲ့လူ။ဒါ...ဒါဆို အမွန်းကသူ့ရင်ဘက်ပေါ်မှာအိပ်ပျော်သွားတာပေါ့။ဟိုလူကလဲ သူ့ကိုကြည့်နေလိုက်တာ စူးရဲလို့။ဟိုလူတစ်ခုခုလုပ်လျှင်ပြန်ခုခံဖို့ သစ်ကိုင်းခြောက်လေးကိုဟိုစမ်းဒီစမ်းလုပ်နေတုန်း

"ဒီတိုင်းဘဲနေတော့မှာလား"

"ဟမ်"

"မထတော့ဘူးလားလို့"

ဘာအကောင်လေးလဲ။သူ့ရင်ဘက်ပေါ်ကမထသေးဘဲနဲ့ လက်လေးကဟိုစမ်းဒီစမ်းနဲ့ ဘာလုပ်နေမှန်းမသိ။သူထဖို့ပြောလိုက်တော့ မျက်လုံးလေးဝိုင်းပြီး ပြန်ကြည့်လာသေးတယ်။
"ဟုတ် ဟုတ်ကဲ့ "

"မြန်မြန်ထ"

ဘယ်လိုလူလဲနော်။အမွန်းကသူ့ကို ဆေးကုပေးထားတာကို အမွန်းကိုပြန်အော်နေသေးတယ်။ကျေးဇူးမသိတက်ဘူးလား။
"ဘာလို့ငါ့ပေါ်မှာအိပ်နေတာလဲ"

"ဟမ်"

"ဘာလဲ တစ်ဟမ်ဟမ်နဲ့"

"ဟို"

မျက်လုံးလေးက သူ့လက်မောင်းပေါ်အကြည့်ရောက်တော့ သူငုံ့ကြည့်မိသည်။သူ့လက်မောင်းကဒဏ်ရာပေါ်မှာ စည်ထားတဲ့သူ့ခေါင်းပေါင်းကိုတွေ့မှ သူသဘောပေါက်သည်။ဒီအကောင်ငယ်လေးက သူ့လက်ကိုဆေးထည့်ပေးထားပုံဘဲ။

"ဟို ခင်ဗျားက ဒဏ်ရာရပြီး အဖျားတက်နေလို့လေ"

"ဆေးထည့်ပေးထားတာလား"

ဆုံစည်းစေ[Completed] Where stories live. Discover now