အပိုင်း -၁

8.7K 248 3
                                    

"သားတော် သဘောမတူနိုင်ဘူး မယ်မယ်"

"မရဘူး သားတော် နန်းကြာကိုလက်ဆက်ရလိမ့်မယ်"

"မယ်မယ်ရယ် သားတော်တို့ကမောင်နှမဝမ်းကွဲတွေလေ သူသူများတွေကြားရင်ဘာတေပြောမလဲ မယ်မယ် စဥ်းစားကြည့်ပါအုံး"

"စဥ်းစားစရာမလိုဘူး သားတော် "

သူ့ရှေ့ကမယ်မယ့်ကိုကြည့်ပြီး သူခေါင်းရမ်းမိသည်။ အရွယ်ရောက်လို့ လက်ဆက်ပွဲလုပ်ရမှာမှန်ပေမယ့် ခုကသူနှင့်မောင်နှမဝမ်းကွဲတော်စပ်သည့်နန်းကြာနဲ့တဲ့ လူကြားလို့မှမကောင်း မယ်မယ်ဟာဘယ်လိုတေများတွေးနေပါလိမ့်။ ဦးရီးတော်ကိုမျက်နှာမပူပေဘူးလား။ သေချာတာကတော့ သူနန်းကြာနှင့်လက်ဆက်ပွဲမလုပ်ချင်ပါ။ မွေးတည်းကမောင်နှမအရင်းတေလိုဘဲနေလာခဲ့ကြသည်မို့ နန်းကြာသည်သူ၏ညီမလေးသားဖြစ်သည်။

"သားတော် သဘောမတူလို့မရပေဘူး ဒါမယ်မယ့်အမိန့်ဘဲ"

"သဘောမတူရင်ဘာဖြစ်မှာလဲ မယ်မယ်"

"စဝ်အိုက်မိုင်းရှန်"

"......."

"ဘာဖြစ်မလဲသိချင်ရင်စမ်းကြည့်လိုက်လေ မယ်မယ်မလုပ်နိုင်တာဘာရှိမလဲလို့ "

"........."

"လက်ဆက်ပွဲလုပ်ဖို့ အဆင်သင့်ပြင်ထား သားတော် မယ်မယ်သွားမယ်"

ထွက်ခွာသွားပြီဖြစ်တဲ့ မယ်မယ့်ကျောပြင်ကိုကြည့်ပြီး သူသက်ပြင်းချမိသည်။ မယ်မယ်မလုပ်နိုင်တာဘာရှိမှာလဲ မယ်မယ်အကုန်လုပ်နိုင်တာပေါ့။ ဒီနယ်တစ်ဝိုက်မှာမယ်မယ့်ရဲ့အာဏာစက်က ပေါ့သေးသေးမှမဟုတ်တာကို။ ဒါပေမဲ့ သူဘာလုပ်ရမလဲ။ သူနန်းကြာနှင့်လက်ဆက်ပွဲမလုပ်ချင်ဘူး။ မချစ်မနှက်သက်တဲ့သူနှင့်အတူမရှိချင်သလို နန်းကြာကိုလည်းကိုယ့်နှမလေးဖြစ်နေသည်မို့ သူတစ်ခုခုစဥ်းစားရမည်။

သူဘာလုပ်ရင်ကောင်းမလဲ။ လက်ဆက်ပွဲမလုပ်ဘူးဟ​ူ၍တော့ ငြင်းဆန်၍ရမည်မထင်ပါ။ မယ်မယ့်အကြောင်းသူအသိဆုံးဘဲမလား။ ဒါဆိုရင်သူဘာလုပ်ရမည်လဲ။ ထွက်ပြေးရမည်ပေါ့ါ ဤနေရာ ဤဒေသ ဤစံအိမ်ကြီးကို စွန့်ခွာပြီးထွက်သွားရမည်ပေါ့။ ဤနေရာသည် သူမွေးဖွားပြီးတည်းကနေခဲ့သည့်နေရာ သူတကယ်ထွက်သွားနိုင်ပါရဲ့လား။ ဒါမှမဟုတ် နန်းကြာနှင့်လက်ဆက်ပွဲလုပ်လိုက်ရမည်လား။ ဒုတိယအတွေးကိုလျင်မြန်စွာနှင့်ပင် မောင်းထုတ်လိုက်မိသည်။ သူ့နှမလေးကိုတော့ဖြင့်သူလက်မဆက်လိုပါ။ အင်း သူထွက်ပြေးရမှာပေါ့ါ အတွေးတွေနှင့်အပြင်ကိုထွက်မည်အပြု တံခါးဝတွင်မြင်လိုက်ရသောအစောင့်နှစ်ယောက်။

ဆုံစည်းစေ[Completed] Where stories live. Discover now