အပိုင်း-၂

3.4K 178 11
                                    

အချိန်သည်ကား ညကိုးနာရီလောက်ရှိရော့မည်။စဝ်အိုက်မိုင်းရှန်ဟုခေါ်သော အမျိုးသား၏အခန်းထဲတွင်တော့ မီးရောင်ဖျော့ဖျော့လေးရှိနေသေးသည်။ခဏအကြာ ထိုအခန်းရှေ့တွင်အမျိုးသမီးငယ်တစ်ဦး ရောက်ရှိလာလေသည်။ထို့နောက်တွင်တော့

"ဒေါက် ဒေါက်"

"အကို ထွက်ခဲ့တော့ အစောင့်တွေမူးပြီးအိပ်ပျော်ကုန်ပြီ"

"အေ အေ"

သူ နန်းကြာ၏စကားကြောင့် အပြင်ထွက်ခဲ့လိုက်သည်။အပြင်ရောက်လျှင်ကြည့်လိုက်တော့ တစ်ကိုယ်လုံးကိုမျက်နှာလေးဘဲဖော်ထားသည့် ညီမဖြစ်သူနန်းကြာနှင့် သူ၏တပည့်ဖြစ်သူ စိုင်းနောင်ကိုတွေ့ရသည်။သူထင်တာမမှားဘူးဆိုလျှင်တော့ နန်းကြာနှင့်စိုင်းနောင်သည် ချစ်သူတွေဖြစ်နေပေလိမ့်မည်။အင်း ဒါဆိုရင် သူထွက်ပြေးစရာမလိုတော့ပါ။နန်းကြာကိုစိုင်းနောင်နှင့်ထွက်ပြေးခိုင်းလိုက်ရုံပါဘဲ။

သို့ပေမယ့် သူ့ညီမလေးကိုတော့ဒီလိုမဖြစ်စေချင်ပါ။အကယ်၍ သူတို့နှစ်ယောက်ထွက်ပြေးသည်ကို မယ်မယ်နှင့်ဦးလေးဖြစ်သူသာသိသွားရင် စိုင်းနောင်အသက်ရှင်စရာအကြောင်းမရှိနိုင်ပါ။ ထို့ကြောင့်သူကပဲ ထွက်သွားဖို့ဆုံးဖြတ်လိုက်ရသည်။မယ်မယ်ကြိုးဆွဲရာကနေသည့် ဒီဘဝကြီးကိုလည်းသူငြီးငွေ့နေပြီဖြစ်သည်။

"ဂရုစိုက်ကြနော် နှစ်ယောက်လုံး ငါသာမရှိတော့ရင်မယ်မယ်တို့ကလိုက်ရှာမှာပဲ နန်းကြာတို့နှစ်ယောက်မသိသလိုနေကြ ကြားလား မဟုတ်ရင် မယ်မယ်ကမင်းတို့နှစ်ယောက်ကိုစစ်မေးလိမ့်မယ်"

"ဟုတ်ကဲ့ပါ အကိုရယ် အကိုသာဂရုစိုက်ပါ နန်းကြာတို့အတွက်မပူလေနဲ့"

"ဟုတ်ပါတယ် သခင်လေး ကျွန်တော်တို့အတွက်မပူပါနဲ့ သခင်လေးသာဂရုစိုက်ပါ"

"နန်းကြာကိုစိတ်ချမယ်နော် စိုင်းနောင်"

"ဟုတ်ကဲ့ပါ သခင်လေး နန်းကြာကိုကျွန်တော့်အသက်နဲ့ရင်းပြီးစောင့်ရှောက်မှာပါ"

ထို့နောက် သူအစောင့်နှစ်ယောက်ကိုကြည့်မိသည်။အိပ်ပျော်နေကြလေပြီ။ နန်းကြာ အမွှေးပင်သုံးလိုက်တာဖြစ်လိမ့်မည်။သူတို့ဒေသတွင် အမွှေးပင်ဟုခေါ်သော အပင်တစ်မျိုးရှိသည်။ထိုအပင်သည် အနံ့မွှေးသလောက် ထိုအနံ့ကိုရှူရှိုက်မိလျှင် အချိန်ခဏလေးအတွင်း မူးပြီးအိပ်ချင်လာလိမ့်မည်။ ပြီးလျှင်တော့ အိပ်ပျော်သွားလိမ့်မည်။အစောင့်တွေ အိပ်နေတာသေချာနေပြီဖြစ်သောကြောင့်

ဆုံစည်းစေ[Completed] Where stories live. Discover now