"ဟိုဘက်နားမှာ တစ်ချက်ကြည့်လိုက်အုံးခမ်းလုံ"
"လက်ဖက်က အနုတွေဘဲခူးရတာလေ အရင့်တွေကိုလိုက်မခူးနဲ့"
"ဖြည်းဖြည်းဘဲလုပ်ကြပါ အရမ်းမလောလည်း ဘာမှမဖြစ်ပါဘူး"
ထိုအသံများကတော့ လက်ဖက်ခင်းထဲတွင်ကြားနေရသော မိုင်းရှန်၏ အသံများပင်ဖြစ်သည်။မိုင်းရှန် ပြီးခဲ့သောရက်ပိုင်းလောက်ကမှ ဥက္ကာ၏လက်ဖက်ခင်းများနှင့် လယ်အချို့ကိုဝယ်ယူလိုက်သည်။လိုတဲ့ပိုက်ဆံကိုတော့ သူထွက်လာတုန်းကပါလာသော လက်စွပ်ကိုရောင်းလိုက်ရသည်။
သူ့မှာနည်းနည်းပါးပါးတော့ ပိုလျှံနေသေးသည်။လက်ဖက်နှင့်လယ်တွေဝယ်ရသည့် အကြောင်းမှာတော့ သူချစ်ရတဲ့အမျိုးသားလေးကို လက်ထပ်ယူပြီး တင့်တောင့်တင့်တယ်ထားနိုင်ရန်ဖြစ်သည်။လယ်တွေဝယ်တုန်းက သူ့ကိုဝိုင်းတားကြသေးသည်။သူကတော့ခေါင်းမာစွာဖြင့်ပင် ဝယ်ယူလိုက်သည်။အမွန်းဆို သူ့ကိုစိတ်ဆိုးပြီး စကားတောင်နှစ်ရက်လောက်ကောင်းကောင်းမပြောပေ။
"အကို ဗိုက်ဆာပြီလား"
တွေးနေတုန်းမှာပင် ရင်းနှီးနေတဲ့အသံလေးကြောင့် သူလှည့်ကြည့်လိုက်သည်။မြင်လိုက်ရသည်က ထမင်းတောင်းလေးခါးစောင်းတင်လာသော အမွန်း
"ကိုယ့်ကိုပေးအမွန်း လေးနေပြီလား"
"မလေးပါဘူးနော် အမွန်းကလည်းယောက်ျားလေးပါ ဒီလောက်တော့သယ်နိုင်ပါသေးတယ်နော်"
သူလုပ်နိုင်တယ်ဆိုတဲ့အကြောင်း နှုတ်ခမ်းလေးဆူပြီးပြောလာတဲ့ပုံလေးက အသည်းယားဖွယ်။မိုင်းရှန်မနေနိုင်တော့ဘဲ ပါးဖောင်းဖောင်းလေးကိုညှစ်လိုက်သည်။
"အား အကိုနာတယ်လို့"
"အရမ်းနာသွားလားအမွန်း ကိုယ်ကအသာဘဲလုပ်တာပါ"
"ဟီး စတာ"
"လူလည်လေး"
ပြောတော့လည်း သူ့ကိုပြုံးပြီးကြည့်နေသေးသည်။ဘယ်လိုတောင်အသားယားဖို့ ကောင်းနေပါလိမ့်။ဘေးကအလုပ်သမားများကတော့ သူတို့ကိုပြုံး၍ကြည့်နေကြသည်။အခုဆိုသူတို့နှစ်ယောက်ချစ်သူဖြစ်နေကြတာကို ရွာထဲကလူတော်တော်များများသိနေကြပြီဖြစ်သည်။
![](https://img.wattpad.com/cover/340498360-288-k651793.jpg)