အချိန်ကညနေစောင်းအချိန်ဖြစ်သည်။ရွာလမ်းမပေါ်တွင်လမ်းလျှောက်လာသော လူနှစ်ယောက်ရှိလေသည်။ထိုလူနှစ်ယောက်ကတော့ အခြားသူများမဟုတ် မိုင်းရှန်နှင့်ဥက္ကာတို့ပင်။သူတို့နှစ်ဦးလျှောက်လာတဲ့ဦးတည်ချက်ကတော့ ရွာထိပ်တွင်ရှိသော"ခေါင်ရည်ဆိုင်သို့"။
"ငါတကယ်ပြောတာမိုင်းရှန်ရ အဲ့ဆိုင်ကခေါင်ရည်ကအတော်သောက်လို့ကောင်းတာ တစ်ခါသောက်ပြီးတာနဲ့စွဲသွားစေရမယ်"
"အေးပါဥက္ကာရယ် မင်းဟာကလည်းညွှန်းလိုက်တာ"
"ညွှန်းဆိုတကယ်ကောင်းတာကိုကွ"
"အေးပါ အေးပါ"
မိုင်းရှန်သည် ခေါင်ရည်ကိုကြိုက်သည်လည်းမဟုတ် မကြိုပ်ဘူးလည်းမဟုတ်ပါ။တစ်ခါတစ်လေသောက်ချင်လျှင်လဲ သောက်လိုက်ပါသည်။အစွဲကြီးတော့မဟုတ်။နှစ်ယောက်သားစကားတပြောပြောနှင့် လျှောက်လာလိုက်တာ ခေါင်ရည်ဆိုင်သို့ပင်ရောက်ခဲ့သည်။
"အိုက်လုံရေ ခေါင်ရည်တစ်ပုလင်းပေးကွာ"
"ဟာ ကိုဥက္ကာပါလား လာဗျာလာယူလှည့် ကျွန်တော်ဒီမှာလက်မအားလို့"
"အေး ေအး"
ဥက္ကာတဲထဲဝင်သွားတော့ မိုင်းရှန်ဝိုင်းတစ်ဝိုင်းတွင်ဝင်ထိုက်သည်။ခေါင်ရည်ဆိုင်သည် စားပွဲများများစားစားမရှိပါ။စားပွဲသုံးလုံးနှင့် ဝိုင်းသုံးဝိုင်းသာဖွဲ့ထားသည်။အခြာဝိုင်းတစ်ဝိုင်းတွင်လူသုံးယောက်ထိုင်နေပြီး တစ်ခြားဝိုင်းကတော့ အလွတ်ဖြစ်သည်။မိုင်းရှန်ကအလယ်ဝိုင်းတွင် ဝင်ထိုင်လိုက်သောကြောင့်တစ်ဖက်ဝိုင်းမှပြောသံများကို အတိုင်းသားကြားနေရသည်။
"တကယ်ပါကွာ အဲ့ကောင်လေးကတကယ်ချစ်စရာလေး လှချက်ကမိန်းကလေးရှုံးတယ်"
"မင်းကြိုက်ရင်သူ့ကိုယူလိုက်လေ"
"ဟ သူလှပေမယ့်မိန်းကလေးမှမဟုတ်တာကွ အလကားရရင်တော့မြည်းကြည့်ချင်တယ် ဟား ဟား ဟား"
"အေးကွာ အသားလေးကဝါဝါဝင်းဝင်းလေးနဲ့စားလိုက်ရရင်တော့ အရသာရှိလိုက်မယ့်ဖြစ်ခြင်း ဟား ဟား ဟား"
![](https://img.wattpad.com/cover/340498360-288-k651793.jpg)