ဇာတ်သိမ်းပိုင်း

3.1K 115 31
                                    

"အဟွက် အဟွက်"

"ချောင်းတွေဆိုးနေပြန်ပြီလားအမွန်းရယ် မင်္ဂလာဆောင်ဖို့ရက်ကနီးလာပြီ အမွန်းဆေးဆရာပေးတဲ့ဆေးတွေရော ပုံမှန်သောက်ရဲ့လားဟင် ခန္ဓာကိုယ်လေးကလည်းပိန်သွားလိုက်တာအမွန်းရယ် အကိုမိုင်းရှန်ကိုပြောလိုက်ပါလားကွယ်"

"အမွန်းဘာမှမဖြစ်ပါဘူးအနန်းရယ် အကိုကအလုပ်တွေရှုပ်နေတာကို အမွန်းအတွက်နဲ့ အနှောက်အယှက်ဖြစ်နေပါ့မယ် အမွန်းဆေးပုံမှန်သောက်မယ်လေနော်"

အနန်းဖြေးငြင်းစွာ ခေါင်းညိတ်လိုက်တာကို မြင်လိုက်ပါသည်။မင်္ဂလာပွဲကျင်းပဖို့ တစ်ပတ်သာလိုတော့သည့်အချိန်မှာ အမွန်းရဲ့ကျန်းမာရေးဟာ ဆိုးရွားလာပါသည်။အကိုကလည်း မင်္ဂလာပွဲမတိုင်မီ လယ်ထဲကအလုပ်တွေသိမ်းရမည်မို့ လယ်ထဲတွင်အိပ်ဖြစ်နေတာ သသုံးရက်ပင်ရှိ​နေပြီ။

အမွန်းကတော့ အနန်းနှင့်လာအိပ်ဖြစ်သည်။အကိုဥက္ကာလည်းအကိုနှင့်ပင် လယ်ထဲမှာသွားအိပ်နေရသည်ကို။အမွန်းရဲ့ကျန်းမာရေးအခြေအနေကို အကို့အားမပြောပြဖြစ်ပါ။အလုပ်တွေရှုပ်နေသည့် အကို့အတွက် ဝန်မပိစေလိုပါ။ဆေးလည်းပုံမှန်သောက်နေသည် မဟုတ်ပါလား။

မင်္ဂလာပွဲ အကြိုနေ့။အားလုံးပျော်နေကြသည်မှာ မျက်နှာများတွင်ပေါ်လို့နေသည်။ပြုံးပျော်နေကြသည် မဟုတ်လား။

"ငါသွားလိုက်ပါ့မယ် မိုင်းရှန်ရာ "

"ရတယ်ဥက္ကာ ငါသွားယူလိုက်မယ် ငါကိုယ်တိုင်သွားယူချင်လို့"

"မင်းကသတို့သားလောင်းလေကွာ မင်းကိုယ်တိုင်သွားယူလို့လမ်းမှာတစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲဟ ပန်းထိမ်ဆရာကလဲ ဒီနေ့မှလုပ်လို့ပြီးရလား ကြိုအပ်ထားတာကို"

"ရပါတယ်ကွာ ငါဘဲသွားယူလိုက်မယ် မင်းဒီမှာလိုအပ်တာတွေလုပ်ပေးထား"

"အေး အေး အမွန်းကိုပြောသွားလိုက်အုံး"

"အင်း"

မိုင်းရှန်လည်းဥက္ကာကိုပြောပြီး အမွန်းရှိရာသို့ထွက်ခဲ့လိုက်သည်။လက်စွပ်အပ်ထားတဲ့ ပန်းထိမ်ဆရာက ဒီနေ့မှရသောကြောင့်သွားယူရန် မိုင်းရှန်နှင့်ဥက္ကာ ငြင်းနေကြခြင်းဖြစ်သည်။သွားပို့တုန်းကတော့ ဥက္ကာသွားပေးပေမယ့် သွားယူလျှင်တော့မိုင်းရှန်ကိုယ်တိုင်ယူချင်ပါသည်။

ဆုံစည်းစေ[Completed] Where stories live. Discover now