အပိုင်း-၉

1.4K 97 9
                                    

"အား.. နာတယ်အနန်းရဲ့ ဖြည်းဖြည်းလုပ်ပါ"

"ရန်ဖြစ်နေတုန်းကတော့ မနာဘူးလားအကိုရဲ့ အခုမှနာနေတာလား"

"အဲ့တုန်းကသွေးပူနေတာကို ဘယ်နာမလဲ"

"အကိုတစ်ယောက်လုံး ပါသွားတာတောင် အကိုမိုင်းရှန်ရန်ဖြစ်တာကိုမတားဘဲနဲ့ အကိုကပါဝင်ဖြစ်နေတယ်"

"အနန်းကလဲ အခုဟာကကိုယ်စတာမဟုတ်ဘူးလေ ဟိုကောင်မိုင်းရှန်အမွန်းနာမည်ကြားတာနဲ့"

ပြောလို့မှမဆုံးသေးဘူး မိုင်းရှန်လှည့်ကြည့်လိုက်တာကြောင့်စိုင်းဥက္ကာ ပါးစပ်အမြန်ပိတ်လိုက်ရသည်။မပိတ်လို့လဲမရပါ။မိုင်းရှန်အကြည့်တွေက ဒေါသငွေ့တွေလွှမ်းနေတာကို။

"ဆက်ပြောလေအကို အမွန်းနာမည်ကြားတာနဲ့ဘာဖြစ်လဲ"

"ဟို ဘာမှမဖြစ်ဘူး ဘာမှမဟုတ်တော့ဘူး"

"သြော် အင်းပါ"

အမွန်းတို့မောင်နှမ မိုင်းင်းရှန်နှင့်ဥက္ကာကို ကြက်ထုပ်ထိုးပေးနေကြခြင်းဖြစ်သည်။အမွန်းရှေ့ကအကို့ကို ကြက်ထုပ်ထိုးပေးနေရင်း ဘာစကားမှမပြောမိ။အမွန်း စိတ်မကောင်းဖြစ်နေခြင်းကြောင့်ဖြစ်သည်။အကို့နှုတ်ခမ်းကဒဏ်ရာကို ကြက်ထုပ်ထိုးပေးရင်းစပ်မှာစိုးလို့ သူ့နှုတ်ခမ်းသေးသေးလေးနဲ့ မှုတ်ပေးလိုက်သေးသည်။

"ကဲ ထမင်းစားရအောင် ငါတို့သွားခူးလိုက်မယ် မင်းတို့နှစ်ယောက်ပြီးမှလိုက်ခဲ့ပေါ့"

"အင်း"

မိုင်းရှန်ပြန်ဖြေလိုက်သည်။ရှေ့မှကောင်လေးကတော့ စကားတစ်ခွန်းမှမပြောဘဲနဲ့ သူ့ကိုသာကြက်ထုပ်ထိုးပေးနေသည်။သူစပ်မှာစိုးလို့ထင်တယ် နှုတ်ခမ်းသေးသေးလေးနဲ့လည်းမှုတ်ပေးနေသေးသည်။တကယ်တော့သူ့ဒဏ်ရာက မပြောပလောက်ပါ။စိုင်းဥက္ကာလောက်ပင်မများ။ဒါကို ဒီကလေးစိတ်ပူနေတာလား။တွေးကြည့်တော့လဲ ကြည်နူးသလိုခံစားလိုက်ရသည်။

"ထမင်းသွားစားရအောင် အမွန်း"

"ဟုတ်"

ပြောပြီးတာနှင့် ထထွက်သွားသည်။မိုင်းရှန်သာကြောင်တောင်တောင်နှင့်။ဒီကလေး ဘာဖြစ်သွားပါလိမ့်။ထမင်းဝိုင်းတွင်လည်း အမွန်းစကားတစ်ခွန်းမှမပြောခဲ့ပါ။ဥက္ကာ၏အသံသာအကျယ်ဆုံးဖြစ်နေသည်။.

ဆုံစည်းစေ[Completed] Where stories live. Discover now