သပြေဆိပ်ရွာလေး၏ ဘုန်းကြီးကျောင်းဝန်းထဲတွင် လူများပြည့်နေလေသည်။အကြောင်းမှာ မနက်ဖြန်လပြည့်နေ့ဖြစ်သောကြောင့် ဘုန်းကြီးကျောင်းဝန်းထဲတွင် သန့်ရှင်းရေးလုပ်နေကြခြင်းဖြစ်သည်။ရွာ၏ဧည့်သည်ဖြစ်တဲ့ မိုင်းရှန်လည်းပါဝင်လုပ်အားပေးဖြစ်သည်။
"မြို့ကဧည့်သည် ရေသောက်ပါအုံးနော့"
"သြော် ရေမဆာသေးလို့မသောက်တော့ဘူး"
"သြော် ဟုတ်ကဲ့ "
ရေလာတိုက်သူမိန်းကလေးပြန်ထွက်သွားမှစိုင်းဥက္ကာက
"မိုင်းရှန် မင်းဘာလို့ငြင်းလိုက်တာလဲကွ"
"မသောက်ချင်လို့လေ ဘာဖြစ်လို့လဲ"
"ဟ အဲ့ဒါရွာလူကြီးရဲ့သမီးကွ ဘယ်သူ့ကိုမှရေခပ်တိုက်တာမဟုတ်ဘူး မင်းကိုဘဲတိုက်တာ"
"သြော် အဲ့ဒါငါနဲ့ဘာဆိုင်လို့လဲဥက္ကာရာ မင်းကလဲဒီနားလေးမှာမြက်တွေကျန်နေသေးတယ် မြန်မြန်ပေါက်လိုက်အုံး"
"အေးပါ အေးပါ"
မိုင်းရှန်တို့မြက်တွေရှင်းနေကြခြင်းဖြစ်သည်။တစ်ခြားသူများလည်း အလုပ်ကိုယ်စီနှင့်ပင်။ဥက္ကာရဲ့အမျိုးသမီးကတော့ သူ့အပေါင်းအပါများနှင့် စကားပြောရင်း ဘုရားဝန်းထဲတွင်သန့်ရှင်းရေးလုပ်နေကြသည်။အမွန်းကိုတော့မတွေ့မိ ဘယ်သွားနေပါလိမ့်။
"အကို ရေသောက်မလား"
တွေးနေရင်းကြားလိုက်ရတဲ့အသံချိုချိုလေးကြောင့် လှည့်ကြည့်လိုက်တော့ ရေခွက်လေးနှစ်ခွက်ကိုင်ပြီးရပ်နေသော သူမြတ်နိုးရတဲ့အမျိုးသားငယ်လေး။
"အင်း သောက်မယ်သောက်မယ် ကိုယ်ရေအရမ်းဆာနေတာ"
စိုင်းဥက္ကာ"......."
အမျိုးမျိုးဘဲဟေ့ မိုင်းရှန်ရေ။စောစောကတော့ရေမဆာပါဘူးတဲ့။သြော် တရားကျလိုက်တာ။
"အကိုဥက္ကာလည်းသောက်လေ"
"အေး အေး"
"အမွန်းဘယ်နားမှာလုပ်နေတာလဲ"
"ဟိုနားမှာရှင်ပြီးတဲ့မြက်တွေကို ကန်ထဲထည့်နေတာအကို"
"နည်းနည်းဘဲသယ်နော် နေအရမ်းပူတယ်"
![](https://img.wattpad.com/cover/340498360-288-k651793.jpg)