"အနန်း "
"အင်း ပြောလေအမွန်း"
"ရေတံခွန်ဘက်သွားချင်လို့"
"နေပူတယ်လေအမွန်းကလဲ အဖော်လဲမပါဘဲနဲ့ အနန်းကဒီမှာအကိုတို့ကိုလုပ်ကူရအုံးမှာ"
"အနန်းကလဲ အမွန်းကကလေးမှမဟုတ်တော့တာကိုတစ်ယောက်တည်းသွားမှာပေါ့လို့"
"ကလေးမဟုတ်လဲမသွားရပါဘူး တစ်ယောက်တည်း"
ဟွန်း အနန်းဟာလေ သွားချင်ပါတယ်ဆိုမှ မသွားခိုင်းဘူး။တစ်ယောက်တည်းမကလို့ တစ်ပိုင်းတည်းလဲမကြောက်ပါဘူး။ဘာကိုကြောက်ရမှာလဲ နေ့ခင်းကြောင်တောင်ကြီးကို။ဘယ်လိုလုပ်ရပါ့မလဲ။တွေးရင်းမျက်လုံးကရှေ့ကိုအရောက် သူ့ကိုကြည့်နေတဲ့မျက်ဝန်းတစ်စုံနဲ့တွေ့လေသည်။အာ သိပြီ။
"အကိုမိုင်းရှန် အမွန်းနဲ့လိုက်ခဲ့မလား ရေတံခွန်ကရေလေးတွေကကြည်လင်"
"အင်း လိုက်ခဲ့မယ်"
*ဟင် စကားဆုံးအောင်ပြောပါရစေအုံးလေ အမွန်းပြောလို့မပြီးသေးဘူး*
(AN/သားမိုင်းရှန် နဲနဲမူအုံးလေ)
အနန်း"......"
စိုင်းဥက္ကာ"......"
"အဟမ်း ငါလိုက်သွားပေးလိုက်မယ်လေ ငါအားနေတာဘဲကို လုပ်စရာမှသိပ်မရှိတော့တာ"
သြော် သြော် လက်ဖက်ဝယ်တဲ့သူတွေနဲ့ စကားပြောရအုံးမှာလေ။အလုပ်သမားတွေကိုကြီးကြပ်ရအုံးမှာလေ။စိုက်ခင်းအခြေအနေတွေ လိုက်ကြည့်ရအုံးမယ်လေ။အလုပ်မရှိဘူးတဲ့လား မိုင်းရှန်ရေလို့သာ စိုင်းဥက္ကာအော်ပြောချင်လိုက်ပါသည်။
"ဟုတ်တယ်မလားအလုပ်မှသိပ်မရှိတာကို အကိုမိုင်းရှန်သွားမယ် လာ လာ ထ"
"အမွန်းကလဲ အားနာစရာ"
"ရတယ် ရတယ် မလိုဘူးငါလိုက်ပို့လိုက်မယ်"
"အင်းပါ အင်းပါ အဲ့ဒါဆိုလဲအမွန်း ရေထဲဆင်းမဆော့နဲ့နော်"
"ဟုတ် ဟုတ်"
"သွားမယ် အမွန်း"
ရှေ့ကနှစ်ယောက်ထွက်သွားတာကိုစိုင်းဥက္ကာမျက်စိတစ်ဆုံးကြည့်ပြီးအတွေးတစ်ခုဝင်လေသည်။
![](https://img.wattpad.com/cover/340498360-288-k651793.jpg)