လေတိုးသံတရှဲရှဲနှင့် သာယာဖွယ်ကောင်းသော နံနက်ခင်းလေးတစ်ခုတွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးသည် သူတို့၏ သီးနှံပင်များကိုရေလောင်းနေပြီး သူတို့နှင့်မနီးမဝေးမှာရှိတဲ့ ဖြူလွှလွှအရိပ်လေးကတော့ တစ်ခုခုကိုမကျေနပ်သဖွယ် ပါစပ်လေးကလည်း ပွစိပွစိပြောနေသည်။ဘာကိုမကျေနပ်သလဲလို့ မေးလျှင်တော့ သူသွားချင်သည့် ရေတံခွန်ကိုမသွားရသေးသောကြောင့်ပင်ဖြစ်သည်။
မသွားရသေးသည့် အကြောင်းအရင်းကတော့ သူနှင့်အတူသွားမည့် ကောင်ငယ်လေးက မရောက်လာသေးသောကြောင့်ပင်။ထိုပွစိပွစိပြောနေသည့် အမျိုးသားငယ်လေးသည်ကား စိုင်းယီမွန်းဟုခေါ်သော အမျိုးသားလေးပင်ဖြစ်သည်။
"မောင်ငယ်လေးရယ် စောထွေးကခနနေလာတော့မှာပါ ပါးစပ်ကပွစိပွစိနဲ့"
"အနန်းကလဲ အမွန်းစောင့်နေရတာကြာနေပြီဟာ"
"ကလေးနဲ့တုပြီးအမွန်းရယ် စောထွေးကသူ့အဒေါ်အလုပ်တွေကူလုပ်နေတာနေမပေါ့"
"ဟိုရောက်ရင်လဲအရမ်းမဆော့နဲ့နော် ရေထဲမှာလည်းအကြာကြီးမစိမ်နေနဲ့ ကြားလားအမွန်း"
"ဟုတ်"
နန်းစုနွယ် ရှေ့မှမောင်ငယ်လေးကိုကြည့်ပြီး ပြုံးမိသည်။ငယ်ငယ်တည်းက မိဘနှစ်ပါးဆုံးသွား၍ သူမတို့မောင်နှမ မိဘမဲ့ဖြစ်ခဲ့ရတာဖြစ်သည်။သူမအသက်ဆယ့်နှစ်နှစ်အရွယ်မှာ မိဘနှစ်ပါးစလုံး ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားကြသည်။ထိုအချိန်တုန်းက မောင်ငယ်လေးက လေးနှစ်သာရှိသေးသည်။
သူမမိဘတွေထားခဲ့သည့် လယ်ယာများနှင့် သူမ၏မောင်လေးကိုကျွေးမွေးစောင့်ရှောက်ခဲ့သည်။သူမအကိုဥက္ကာနှင့်အိမ်ထောင်ကျပြီးတာ ယခုဆို နှစ်နှစ်ပြည့်ပြီးပြီဖြစ်သည်။အိမ်ခွဲ၍တော့မနေဖြစ်ပါယ သူမမောင်လေးကိုစိတ်မချ၍ဖြစ်သည်။
"အမွန်းရေ သားလာပြီ"
"စောင့်လိုက်ရတာ စောထွေးရာ အကြာကြီးပဲ"
"အဒေါ်ရေဖြည့်ခိုင်းနေလို့ပါ အမွန်းရယ် အခုပြီးပြီ သွားကြမယ်"
"အင်း သွားမယ် အနန်းသွားတော့မယ်နော်"
လေလေးတစ်ချက်ဝေ့လိုက်တော့ အမွန်းရဲ့ဆံပင်လေးများ ဖွားကနဲဖြစ်သွားသည်။ရှေ့ကဆံပင်လေးကို လက်လေးနဲ့သပ်လိုက်ရင်းပြောလိုက်တာက