အပိုင်း-၁၄

1.4K 82 9
                                    

ရွာ၏ထုံးစံအရ မင်္မလာပွဲလုပ်လျှင် ရွာလူကြီးအားအသိပေးရသည်။ထိုအခါမှ ရွာလူကြီးကမင်္ဂလာပွဲလုပ်ရမည့်နေ့ကိုသတ်မှတ်ပေးသည်။မိုင်းရှန်တို့ ရွာလူကြီးဆီသွားပြီးပြောတုန်းက ရွာလူကြီးကသူတို့အား တအံ့တသြကြည့်နေသေးသည်။မိုင်းရှန်သေချာရှင်းပြလိုက်မှ နားလည်သွားပြီး လက်ခံပေးသည်။

ထို့နောက်တစ်ရွာလုံးခေါ်ပြီး အစည်းဝေးလုပ်ကာ မင်္ဂလာပွဲအား နောက်လပြည့်နေ့လုပ်ရန် သဘောတူလိုက်သည်။အစည်းဝေးပြီးလို့ အားလုံးအိမ်ပြန်သွားတော့မှ မိုင်းရှန်နှင့်အမွန်းပြန်ရန်ထလိုက်သည်။

"အကို ပြောစရာလေးနည်းနည်းရှိလို့"

ခြံဝရောက်ခါနီးမှ အသံကြားရသောကြောင့် လှည့်ကြည့်မယလိုက်သည်။သူတို့နောက်မှအသံရှင်က ရွာလူကြီးသမီးနန်းမူ

"သြော် ဘာကိစ္စရှိလို့များလည်း"

"ဟို"

"အင်း ပြောပါ"

"အကိုနဲ့နှစ်ယောက်တည်းပြောလို့ရမလား"

မိုင်းရှန်ရှေ့မှနန်းမူစကားကြောင့် အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။သူနှင့်ရှေ့ကအမျိုးသမီးကြားမှာ နှစ်ယောက်တည်းပြောစရာ စကားမရှိပါ။ဘေးမှအမွန်းကို ကြည့်လိုက်တော့ သူ့ကိုကြည့်ပြီးပြုံးပြလာသည်။ဒီကလေးက သဝန်တိုရမှန်းတောင် မသိဘူးလား။

"ကိစ္စရှိလို့နေမှာပေါ့အကိုရယ် လိုက်သွားလိုက်ပါ"

ရော် ခက်နေပါပြီ။မသွားဖို့တားရမှာကို သူကပါလိုက်သွားလိုက်ပေါ့တဲ့။စိုင်းယီမွန်းဟာ အရမ်းကိုရိုးသားတာပါဘဲလား။မိုင်းရှန် ရှေ့ကအမျိုးသမီးကို အားနာသည်ကတစ်ကြောင်း သူမြတ်နိုးရတဲ့လူသားလေးက လိုက်သွားခိုင်းသည်ကတစ်ကြောင်းကြောင့် ထိုအမျိုးသမီးကိုရှေ့မှသွားရန် မေးဆက်ပြလိုက်သည်။

"ကဲ ပြောပါအုံးဘာကိစ္စရှိလို့များလဲ"

"စိုင်းယီမွန်းနဲ့လက်ထပ်ဖို့ တကယ်ဆုံးဖြတ်လိုက်ပြီလား"

"အင်း ဆုံးဖြတ်ပြီးလို့ မင်းဖော့(အဖေ)ဆီရောက်လာတာပေါ့"

"ဒါပေမယ့် သူကယောက်ျားလေးနော်"

ဆုံစည်းစေ[Completed] Where stories live. Discover now