အပိုင်း-၁၂

1.3K 80 10
                                    

မိုင်းရှန်အိမ်ပြန်ရောက်တော့ညပင်အတော်မှောင်နေလေသည်။ဥက္ကာတို့အိမ်လိုက်သွားပေမယ့်အမွန်းကအရင်ပြန်သွားသည်ဟုဆိုလေသည်။ထို့ကြောင့်မိုင်းရှန်လည်းအိမ်ကိုအမြန်ပြန်ခဲ့ရသည်။ဒီကလေးဟာခေါင်းမာလိုက်တာတစ်ယောက်တည်းမပြန်နဲ့လို့ပြောတာကိုဂရုမစိုက်။အိမ်ရှေ့ေရောက်တော့တွေ့ရပါပြီ ကွပ်ပျစ်ပေါ်မှာထိုင်နေသောအရိပ်လေး။လရောင်အားကိုးဖြင့်မြင်နေရသည့်အရိပ်လေးဟာမြတ်နိုးစရာအတိ။

"အမွန်း"

"ဟော အကိုပြန်လာပြီ"

"အမွန်းကစကားနားမထောင်ဘူးကွာ တစ်ယောက်တည်းမပြန်ပါနဲ့လို့ပြောထားတာကိုပြန်ဖြစ်အောင်ပြန်သွားတယ်"

"အမွန်းဘာမှမဖြစ်ပါဘူး အကိုကလဲ နော်"

ပြောပြီးတာနှင့်နူးနူးညံ့ညံ့ပြုံးပြလာသောအမျိုးသားငယ်လေးကြောင့်ကြည်နူးရပြန်ပါသည်။အမွန်းသည်ဘာမှမထူးခြားသောကောင်ငယ်လေးတစ်ယောက်သာဖြစ်သည်။ခန္ဓာကိုယ်သေးသေးလေးရယ်အသားဝါဝါလေးရယ်ဆံပင်ကုတ်ထောက်လေးရယ်စကားဝါနံ့သင်းနေတဲ့ကိုယ်သင်းနံ့လေးရယ်။ပုံမှန်ပါဘဲ။ထူးဆန်းတာကသူ့အဲ့ဒီအမျိုးသားလေးဟာသူ့နှလုံးသားကိုအပိုင်သိမ်းသွားပါသည်။

"ထမင်းစားခဲ့ပြီးပြီလား အကို"

"အင်း ကိုယ်စားခဲ့ပြီးပြီ အမွန်းရော"

"အမွန်းလည်း စားခဲ့ပြီးပြီအကို"

"အင်း ဒါဆိုအပေါ်တက်ရအောင် အမွန်းအိပ်ချင်နေပြီမလား"

"ဟုတ်"

အမွန်းစကားဆုံးတာနှင့်အကိုကအမွန်းလက်လေးကိုဆွဲပြီးအပေါ်သို့တက်လေသည်။အမွန်းအိမ်အရင်ပြန်လာသည်ကိုတော့စိတ်ဆိုးနေပုံမရ။အကိုဟာအမွန်းနှင့်ပတ်သတ်လျှင်တော့အရာရာအလျှော့ပေးသူသာဖြစ်လေသည်။အမွန်းအိမ်ပြန်လာရခြင်းမှာလည်းဆေးသောက်ရန်သာဖြစ်လေသည်။အမွန်းအခုတလောချောင်းဆိုးလျှင်သွေးများပါနေတက်သည်။ရွာထဲရှိဆေးဆရာကြီးကိုပြောတော့ရာသီဥတုကြောင့်ဖြစ်သည်ဟုပြောသည်။ထို့ကြောင့်ဆေးဆရာကြီးပေးသည့်ဆေးများသောက်နေရခြင်းဖြစ်သည်။အနန်းတို့အိမ်မှာချောင်းဆိုးရင်းသွေးပါလာသောကြောင့်ဆေးသောက်ရန်အိမ်ပြန်လာခြင်း။မည်သူ့ကိုမှတော့ထိုအကြောင်းမပြောဖြစ်တော့ပါ စိတ်ပူနေကြအုံးမည်စိုးသောကြောင့်ဖြစ်သည်။

ဆုံစည်းစေ[Completed] Where stories live. Discover now