အပိုင်း-၆

1.7K 122 19
                                    

"အမွန်း ညကအကိုမိုင်းရှန်နဲ့ အဖော်သွားအိပ်ပေးရတာအဆင်ပြေရဲ့လား"

"ပြေပါတယ် အနန်းရဲ့"

"အင်း အမွန်းကအိပ်ရင် နဲနဲကြမ်းချင်တယ်လေ အကိုမိုင်းရှန်အဆင်ပြေပါ့မလားလို့ အကိုပြောတာက အကိုမိုင်းရှန်ကသူ့အပေါ်ကျေးဇူးတွေရှိတယ်တဲ့"

"ဟုတ်"

"ဘယ်လိုဘဲဖြစ်ဖြစ်လေ သူကစော်ဘွားအိမ်တော်ရဲ့သခင်လေးဘဲလေ ရိုရိုသေသေဆက်ဆံနော်အမွန်း"

"ဟုတ်ပါပြီအနန်းရယ် အမွန်းလည်းသိပါတယ် နော်"

"အင်းပါ အင်းပါ မမကပြောပြတာပါနော်"

အမွန်းတို့မောင်နှမ မီးဖိုခန်းထဲမှာ ချက်ပြုတ်နေကြခြင်းဖြစ်သည်။ပုံမှန်ဆို အနန်းတစ်ယောက်တည်း ချက်တာဖြစ်ပေမယ့် အခုတော့မတူ အမွန်းပါဝင်ကူပေးရလေသည်။အကြောင်းအရင်းကတော့ အကိုအိုက်မိုင်းရှန်တစ်ယောက် အကိုဥက္ကာနှင့်အတူ လယ်ထဲလိုက်သွားလို့ဖြစ်သည်။ထမင်းသွားပို့ပေးရမည်လေ။အကိုဥက္ကာတုန်းက ကြုံရာနှင့်ပို့လို့ရသော်လည်း အခုကမတူ။အကိုမိုင်းရှန်ရောမလား။

မြို့ပေါ်ကလာတဲ့သူဆိုတော့ ကြုံရာဟင်းနဲ့စားနိုင်မယ် မထင်ပါဘူးလေ။အေး စိုင်းယီမွန်းရေ သူအဆင်မပြေတာ မင်းနဲ့ဘာဆိုင်လို့တုန်း တွေးပေးနေရအောင်။ငါလေနော်.. ပြီးတော့အနန်း အကိုမိုင်းရှန်အဆင်မပြေမှာစိုးလို့တဲ့။ဟိုကဖြင့် အမွန်းကိုဖက်ထားတာများတင်းလို့။ သရဲကြောက်တယ်ဆိုပြီး ဖက်ထားတာ။ကျားကိုးစင်းစားမကုန်တဲ့ ခန္ဓာကိုယ်ကြီးကလေ။

"သခွက်ပွင့်နဲ့ဝက်သားချက်လိုက်မယ် ချဥ်ရေဟင်းလေးချက်မယ် ရှမ်းပဲပုတ်လေးချက်လိုက်မယ် ဒီလောက်ဆိုပြည့်စုံပြီထင်တယ်နော် အနန်း တို့စရာအရွက်လေးပြုတ်လိုက်မယ်လေ"

"ရပြီအမွန်း အမွန်းကစီစဥ်တက်လိုက်တာနော် မိန်းကလေးကျနေရောဘဲ"

"ဟွန့် ဘာမိန်းကလေးလဲ အမွန်းကယောက်ျားလေးနော်"

"အမလေး အမွန်းရယ်မောင်ငယ်လေးက မိန်းကလေးတွေထက်တောင်အကောင်သေးပြီး အရပ်ပုနေတာလေ မိန်းကလေးနဲ့တူတာပေါ့လို့"

ဆုံစည်းစေ[Completed] Where stories live. Discover now