အပိုင်း-၁၁

1.3K 87 8
                                    

ရေတံခွန်မှ ရွာသို့ပြန်သောလမ်းသည် အရင်နေ့တွေကထက်ပိုလှနေသလိုပါဘဲ။တောထဲမှာအလေ့ကျပွင့်နေသော တောပန်းများထံများရနံ့များဟာလည်း ပို၍မွှေးနေသလို။လယ်သိမ်း၍ အိမ်ပြန်နေကြသော လယ်အလုပ်သမားများဟာလည်း လှနေသလို။

လယ်ကွင်းများမှာလည်း မြရောင်သမ်းနေ၍ ဒီနေ့မှပိုကြည့်ကောင်းနေသလိုပါဘဲ။အလှဆုံးကတော့ မိုင်းရှန်ဘေးမှစိုင်းယီမွန်းဆိုသည့် အမျိုးသားလေးဖြစ်ပေလိမ့်မည်။

"အမွန်း"

"ဟုတ်"

"အခု ကိုယ်တို့ကချစ်သူတွေဖြစ်သွားပြီပေါ့နော်"

"ဟုတ်"

"အဲ့ဒီတော့လက်ကိုင်လို့ရလားဟင်"

"အယ်"

"ရလားလို့ အမွန်း"

"အကို အစောတုန်းကတောင် အမွန်းတစ်ကိုယ်လုံးကိုသိမ်းကျုံးဖက်ပြီးပြီလေ အခုမှလက်ကိုင်လို့ရလားလို့လာမေးနေတာလား"

"အဲ့ဒါကအစောတုန်းက ကိုယ်အရမ်းပျော်သွားလို့လေ အခုကတော့အမွန်းမကြိုက်ဘူးထင်လို့ အခုလိုပြောတယ်ဆိုတော့လဲအမွန်းကလက်ကိုင်တာကို သဘောတူတယ်လို့သတ်မှတ်လိုက်မယ် ပေး လက်ကိုင်ပြီ"

အမွန်းရဲ့လက်တစ်ဖက်မှာ အကို့ရဲ့လက်တစ်ဖက်ကြားပါသွားလေသည်။သြော် အကိုရယ် အမွန်းဖြင့်ဘာမှမပြောရသေးပါဘဲနဲ့ သူပြောချင်ရာတွေပြောပြီး လုပ်ချင်ရာတွေလုပ်နေတော့တာပါဘဲ။အဲ့လိုလုပ်လို့ အမွန်းသဘောမကျဘူးလားဆိုလျှင်ဖြင့် အမွန်းသဘောကျပါသည်။

ချစ်ရတဲ့အကို့ရဲ့ အပြုအမူအားလုံးကို အမွန်းသဘောကျပါသည်။ဒါဟာအမွန်းကကိုယ့်ကိုကိုယ် တန်ဖိုးမထားတာမဟုတ်ပါဘဲ အကို့ကိုချစ်လွန်း၍သာဖြစ်ပါသည်။

"အကို ရွာထဲဝင်ရတော့မယ်"

"အင်း ဝင်မယ်လေ"

"လက်လွှတ်အုံးလေ အကိုရဲ့"

"မလွှတ်ချင်ဘူးကွာ ဒီတိုင်းဘဲဝင်မယ်"

"သူများတွေပြောကြမယ် အကိုရဲ့"

"ပြောပါစေပေါ့ ကိုယ်တို့နှစ်ယောက်ချစ်နေတဲ့ကိစ္စက ဖုံးကွယ်ထားစရာမှမလိုတာ ကိုယ်တို့ကသူများပစ္စည်းခိုးနေတာမဟုတ်သလို သူများသားမယားလဲ ပစ်မှားနေကြတာမှမဟုတ်တာ"

ဆုံစည်းစေ[Completed] Where stories live. Discover now