Chapter 1 : 𝗣𝗮𝘀𝘁 𝗟𝗶𝗳𝗲

1.3K 106 6
                                    



[A.N : အောက်ပါ ဇာတ်ဝင်ခန်းက  Dark Blood ရဲ့ Half version ကို inspired ထားပါတယ်။ သို့သော် အပိုင်း၂ မှစ၍ ပါဝင်လာမည့် Deltaverse အစရှိတာတွေဟာ စာရေးသူ၏စိတ်ကူးစိတ်သန်းတွေ ဖြစ်သည် ]



အတိတ်ကာလ။

ဒဏ္ဍာရီလာ တိရစ္ဆာန်များ၊ လူတစ်ပိုင်း သတ္တဝါများနှင့် စွမ်းအားရှင်လူသားများက ဤကမ္ဘာပေါ်မှာ ရှင်သန်ကျက်စားကြသည်။ ယင်းနည်းတူ သာမန်လူသားများကလည်း သူတို့နဲ့အတူ အချင်းချင်းသင့်မြတ်အောင် နေထိုင်လျက်ရှိတယ်။

အရှေ့တိုင်းနိုင်ငံ၊ နန်းတော်ဆောင်ကြီးထဲ၌ မိဖုရားတစ်ပါးက သူမ၏သားတော်ကို ဆူပူနေသည်။ သူမဟာ နိုင်ငံ့မိဖုရားကြီးမဟုတ်ဘဲ သာမန်မိဖုရားတစ်ပါးသာဖြစ်သည်။

သို့သော် သူမက အင်မတန် ချောမောသော ရုပ်ရှည်ရှိ၍ ဉာဏ်ပညာကြွယ်ဝတဲ့ နဂါးမျိုးနွယ်စုမှ မင်းသမီးတစ်ပါးပင်။ သက်တော် ၄၀ ကျော်သာရှိသေးပေမယ့်  အခုထိတိုင် ချောမောလှပနေတုန်းပါပဲ။

သူမဟာ သားတော်ဖြစ်သူ မင်းသားဆောင်းဟွန်းကို ငေးကြည့်ရင်း အကြိမ်ကြိမ်သက်ပြင်းချမိသည်။

" ဆောင်းဟွန်း မင်းရပ်တန်းက ရပ်လိုက်တော့ "

" မယ်မယ် ဘာတွေပြောနေတာလဲဗျ။ ကျွန်တော်မျိုး တကယ်နားမလည်တော့ဘူး "

မင်းသားက အခုထိ ဘာမှမသိသလို ဟန်ဆောင်နေဆဲ။ ချောမောကြည့်ကောင်းသော ရုပ်ရည်ရှိပြီး တောင့်တင်းကြံ့ခိုင်သော ခန္ဓာကိုယ်ရှိသည့်အပြင် မင်းသားဆောင်းဟွန်းက လက်ရုံးရည်၊နှလုံးရည်နှင့် ပြည့်စုံသူ ဖြစ်၏။

ကြည့်ကောင်းသော မျက်နှာပေါ်က မှည့်နက်လေးတွေက မင်းသားဆောင်းဟွန်းကို ပို၍ ထင်ရှားစေသည်။ နတ်ဘုရားသဖွယ် ချောမောလွန်းလို့ တစ်ခြားန်ိုင်ငံက မင်းသမီးတွေကြားမှာလည်း နာမည်ကြီးတယ်။ သို့သော် အိမ်ရှေ့စံတစ်ယောက်မဟုတ်တဲ့အတွက် ဘာပါဝါ၊ အာဏာမှ မရှိတဲ့ အရံမင်းသားတစ်ယောက်သာ ဖြစ်သည်။

အခုထိလည်း ဘုရင်ကြီးဆီက မျက်နှာသာမရခဲ့သလို၊ အမြဲတမ်းနီးပါး ချောင်ထိုးခံရသူဖြစ်သည်။ ဘယ်လိုပဲဆိုဆို အေးဆေးနေတတ်တဲ့ မင်းသားက စိတ်ထဲမထားခဲ့ပါဘူး။ သူ့ကံကြမ္မာကို လက်ခံပြီးသားလေ။

𝙍𝙤𝙢𝙖𝙣𝙩𝙞𝙘 𝙎𝙤𝙪𝙡𝙢𝙖𝙩𝙚 |SungJakeWhere stories live. Discover now