Chapter 7

422 79 7
                                    



ဆောင်းရာသီ ညချမ်းအချိန်ဟာ ပို၍အေးချမ်းလာခဲ့သည်။ ကြီးကျယ်ခမ်းနားလွန်းလှသည့် ခန်းမကြီးအတွင်း အနုပညာရှင်များစွာ ရှိနေလျက်၊ ပါတီက အလွန်စည်းကားနေတယ်။

ဒါ့အပြင် အထဲမှာ အနုပညာရှင်တွေ နည်းတူ စီးပွားရေးသမားတွေနဲ့ သတင်းထောက်တစ်ချို့လည်း ရှိနေပြီး  သက်တောင့်သက်သာမရှိလှဘူး။ မည်သို့ပင်ဆိုစေကာမူ  ရုပ်ရှင်လောက၊ အနုပညာလောက,က ထင်သလောက် မရိုးရှင်းတာမို့ ဒီလိုအခြေအနေက ဖြစ်သင့်ပါသည်။

ဒီပွဲမှာ နိုင်ငံတကာက နာမည်ကြီးသရုပ်ဆောင်များစွာ တက်ရောက်ကြသလို  ပွဲအပြင်အဆင်ကလည်း ခေတ်မီပြီး အထက်တန်းစားဆန်လွန်းသည်။ ဧရာမ တန်ဖိုးကြီးမီးဆိုင်းတွေက ကျယ်ဝန်းသော မျက်နှာကျက်ပေါ်တွင် ခမ်းခမ်းနားနား အလှဆင်ထား၏။

ဒါ့အပြင် ခန်းမကြီးထဲတွင်လည်း လက်ရာမြောက်လှသော ဖန်ရုပ်ထုများ၊ ကြွေရုပ်ထုများကို အလှဆင်ထား၍ ဧည့်ခံသည့် စားသောက်ဖွယ်ရာနှင့် သောက်စရာများက အစုံအလင်။

ဘုံဗိမာန်လေးလို့တောင် ထင်ရလောက်တဲ့အထိ ဤပါတီက ကြီးကျယ်ခမ်းနားလှသည်။ ထို့ကြောင့်လည်း အပြင်ဘက်က နှင်းတဖွဲဖွဲကျဆင်းလျက် ခိုက်ခိုက်တုန်အောင် အေးချမ်းလှသော ပတ်ဝန်းကျင်နှင့် ခြားနားစွာ နွေးနွေးထွေးထွေးရှိနေတယ်။

" ဂျိတ်ခ် အဆင်ပြေရဲ့လား "

" အွန်း။ နည်းနည်းတော့ အစိမ်းသက်သက်ဖြစ်ပေမယ့် ဆောင်းဟွန်းနီး ရှိနေတာပဲဟာ "

ချစ်ဖို့ကောင်းသလို ချောမောသည့် ရှင်းမ်ဂျိတ်ခ်လေးက ဆောင်းဟွန်းကို မော်ကြည့်၍ ပြုံးရယ်ပြသည်။  အခုလက်ရှိမှာ တစ်ခါမှ မထိတွေ့ဖူးသော အနုပညာအသိုင်းအဝိုင်းထဲ ရောက်နေရပေမယ့် စိတ်လှုပ်ရှားနေမိတယ်။

ဘဝမှာ တစ်ခါမှ ဒီလိုလူတွေနဲ့ မပတ်သတ်ဘူးတဲ့အပြင်  ဒီလောကကို သူ့အနေနဲ့ ဂဃနဏမသိပါဘူး။ သို့သော်လည်း ဆောင်းဟွန်းကို ကူညီပေးရင်း ဘဝမှာ ကြုံတွေ့ရဖူးခဲ့ပြီဆိုပါတော့။

ဂျိတ်ခ်က ဆောင်းဟွန်းတို့ရဲ့ စတိုင်လစ် ဆင်ထားတဲ့အတိုင်း အနက်ရောင်တိုင်း ဝတ်စုံ, ဒီဇိုင်းခပ်လန်းလန်းကို ဝတ်ထားသည်။ ဒီပုံက အသစ်အဆန်းလေးဖြစ်ပေမယ့် စင်စစ်တော့ နာမည်ကြီးဒီဇိုင်းနာ၏ Modern နဲ့ 80's ဒီဇိုင်းတွေကို ဆန်းသစ်တီထွင်ထားတယ်ဟု ဆိုသည်။  ဘယ်လိုပဲဖြစ်ဖြစ်  ဂျိတ်ခ်က ဒါနဲ့ပတ်သတ်ပြီး နားမလည်တာကြောင့်  ဆင်ပေးတာဝတ်၍ ဆောင်းဟွန်းနဲ့အတူ ဒီကိုရောက်လာခဲ့ရုံသာ။

𝙍𝙤𝙢𝙖𝙣𝙩𝙞𝙘 𝙎𝙤𝙪𝙡𝙢𝙖𝙩𝙚 |SungJakeWhere stories live. Discover now