Chapter 4

538 86 14
                                    



NASA ၏ Space Food System ဌာန,တွင်ဖြစ်သည်။ အထူးသဖြင့်တော့ Laboratory ရှေ့က သီးသန့်အခန်းတွင်ဖြစ်တယ်။ အမျိုးသားနှစ်ဦးက Lab အတွက် အပေါ်ထပ်,အဖြူရောင်ကုတ်ကို ဝတ်ဆင်ထားကြသည်။

" ဒီမှာက များသောအားဖြင့် အသီးအနှံ့တွေ၊ အခွံမာသီးတွေ အသုံးများတယ်။ အဲ့တာတွေကို တာရှည်ခံအောင် လုပ်ရတာပေါ့ "

" အာ...ပြီးတော့ အသားအတွက်တော့ အမဲသား၊ကြက်သားရယ် ပင်လယ်စာတွေကို သုံးကြတယ် "

" အင်း "

ဆောင်းဟွန်းက သရုပ်ဆောင်အလုပ်အတွက် ကာရိုက်တာနဲ့ လိုက်ဖက်အောင် သင်ယူစရာရှိတာ သင်ယူနေပေမယ့်၊ သူ့အကြည့်တွေက ဂျိတ်ခ်ကလေးဆီတွင်သာ။ အထူးသဖြင့်တော့ ဂျိတ်ခ်သေးသေးလေး၏ မျက်နှာလှလှလေးကို ငေးကြည့်နေတယ်။ တစ်ခါတစ်ရံတော့ စကားပြောလွန်းလို့ မသိမသာဆူထော်လာတတ်တဲ့ နှုတ်ခမ်းဖူးဖူးလေးတွေထံ အကြည့်ပို့တတ်သေးသည်။

အရင်ကဆို မျိုးရိုးမြင့် Introverted Alpha က နားညီးပြီးဆူညံတာမျိုးမကြိုက်ဘူး။ သူဟာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အေးအေးချမ်းချမ်း နေချင်တဲ့လူစားဖြစ်သည်။ ဒါပေမဲ့ သူစိမ်းလှလှလေးနဲ့တွေ့ပြီး သူ့အကြိုက်တွေ ပြောင်းကုန်ပြီ။

အခုထိတိုင်လည်း ဆောင်းဟွန်းက သူ့မျက်စိရှေ့က ဂျိတ်ခ်ကလေးကို ငေးကြည့်နေတယ်။

" ဂျိတ်ခ်က ဒီအလုပ်ကို အရမ်းကြိုက်တာပဲ ထင်တယ်။ မျက်လုံးလေးတွေက တလက်လက်နဲ့ စိတ်အားထက်သန်နေတာ "

" အာ.. အဲ့လောက်သိသာလို့လား "

အတော်လေး အံ့ဩသွားဟန်ဖြင့် ဂျိတ်ခ်က မျက်လုံးအဝိုင်းသား။ နဂိုကတည်းက ချောမောသလို ချစ်ဖို့ကောင်းပါတယ်ဆိုမှ၊ အခုလို ပုံစံမျိုးဆို တအားချစ်စရာကောင်းနေမှာ အမှန်ပင်။

" အင်း "

ဆောင်းဟွန်းက ချောချောလှလှ ရှင်းမ်ဂျိတ်ခ်ကို ငေးကြည့်နေရင်း ဒီလိုနှစ်ယောက်သား အတူရှိနေရတဲ့ အခိုက်အတန့်ကို ရပ်တန့်လိုက်ချင်သည်။ အရမ်းကို အဖိုးတန်လွန်းလို့ တစ်သက်လုံး သိမ်းထားချင်တယ်။ ဒါပေမဲ့ ဒီအရာတွေက စိတ်ကူးလေးပါပဲ။ အဘယ်ကြောင့် ဆောင်းဟွန်းမှ ဒီသူစိမ်းလှလှလေးကို မပိုင်တာ။

𝙍𝙤𝙢𝙖𝙣𝙩𝙞𝙘 𝙎𝙤𝙪𝙡𝙢𝙖𝙩𝙚 |SungJakeWhere stories live. Discover now