Chapter 10 : Rᴏᴍᴀɴᴛɪᴄ Dᴀᴛᴇ

465 72 4
                                    





" ဟွန်း မစနဲ့လို့ "

ဂျိတ်ခ်ကလေးဟာ မျက်နှာလေးရှုံ့မဲ့၍ ဆောင်းဟွန်းရဲ့ တောင့်တင်းကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကြီးကို တွန်းထုတ်သည်။ သူ့ဘက်က မနှစ်မြို့တာမျိုး မဟုတ်ရပါ။ ဒါပေမဲ့ သူတို့နှစ်ယောက် တွဲပြီးတဲ့နေ့ကစလို့ မစ္စတာပတ်ခ်က အရမ်းကို ကဲသည်းလာတော့တယ်။

အရင်တုန်းကဆို ပတ်ခ်ဆောင်းဟွန်းက အလွန်စကားနည်းပြီး အေးအေးဆေးဆေးနေတတ်သော တည်ငြိမ်တဲ့လူတစ်ယောက်။ ယခုတွင်တော့ ဒါတွေအကုန်လုံး အလိမ်အညာတွေထင်ပါရဲ့။ သို့မဟုတ် ဆောင်းဟွန်းက လုံးဝမအေးတဲ့လူများလား။

" ဆောင်းဟွန်း  ငါ့ကိုမစပါနဲ့တော့ဆို။ မာမီနဲ့တိုင်မှာနော် "

နှုတ်ခမ်းဖူးဖူးလေးတွေက မသိမသာဆူထော်ပြီး ဆောင်းဟွန်းကို မျက်စောင်းထိုးတယ်။ ဂျိတ်ခ်က အနက်ရောင်တီရှပ်နှင့် ဘောင်းဘီပွပွကြီးကို ဝတ်ထားလျက်၊ လက်ထဲမှာ ဖုန်းကိုင်ထား၍ ဘောလုံးဂိမ်းက Gameover ဖြစ်သွားပြီ။ ဒါကြောင့် သူက မျက်ခုံးလေးတွေ တွန့်ချိုးပြီး သက်ပြင်းယဲ့ယဲ့ချသည်။

" ရား ငါသည်းမခံနိုင်တော့ဘူး "

" တောင်းပန်ပါတယ်။ ကိုယ့်အိခုကလေး သဘောမကျရင် မစတော့ပါဘူး "

တစ်လျှောက်လုံး ဂျိတ်ခ်ရဲ့ခါးသိမ်သိမ်ကို ဖက်လိုက်၊ ခေါင်းလုံးလုံးလေးကို ထိကိုင်လကိုင်နဲ့ အမျိုးမျိုး ထိကိုင်နေရာမှ  ယခုတော့ ဆောင်းဟွန်းတစ်ယောက် ငြိမ်သက်သွားပါပြီ။

" ဒီညနေ  ကိုယ်တို့ဘယ်သွားကြမလဲ။ ဒါမှမဟုတ်  ညစာကို ကိုယ်ချက်ကျွေးရမလား။ အိခုလေးက ဘာစားချင်လဲ "

မေးခွန်းအများကြီး မေးမြန်းနေရင်း  ဆောင်းဟွန်းရဲ့ဗီဇတွေက ပျောက်ကွယ်မသွားချေ။ သူ့၏ရှည်လျားသွယ်လျသော လက်ချောင်းတွေက  ဂျိတ်ခ်ကလေးရဲ့ ပါးပြင်နုနုလေးကို ခပ်ဖွဖွကိုင်သည်။ နဂိုထက် ပို၍နီးကပ်လိုက်ရင်း သူဟာ သွားစွယ်တွေပေါ်တဲ့အထိ ပြုံးရယ်တယ်။

သို့သော်လည်း သူ့မျက်စိရှေ့က ရှင်းမ်ဂျိတ်ခ်ကလေးကတော့ သဘောကျပုံမပေါ်။ မျက်နှာလှလှလေးက ဆူပုတ်လျက်

𝙍𝙤𝙢𝙖𝙣𝙩𝙞𝙘 𝙎𝙤𝙪𝙡𝙢𝙖𝙩𝙚 |SungJakeWhere stories live. Discover now