Chapter 9

457 73 4
                                    



အညိုရောင်အနွေးထည် ထူထူပွပွကိုဝတ်ဆင်ထား၍ လက်ချောင်းလေးတွေက ပစ္စည်းထည့်တဲ့တွန်းလှည်းကို အသာတွန်းလျက်  ဘေးဘီကို တစ်ကြည့်ကြည့်။ လိုအပ်သည့်အရာများနှင့် စားစရာများကို ဝယ်ယူရန် ဂျိတ်ခ်က ဤသို့ရောက်ရှိလာခြင်းပင်။

ဒါပေမဲ့ ဆောင်းရာသီမို့ အနွေးထည်ထူထူလာမိတဲ့သူဟာ အခုတော့ ကုန်တိုက်ထဲမှာ တစ်ကိုယ်လုံးအညိုရောင်နဲ့မို့ ဝက်ဝံလူသားလေးဖြစ်နေပါရော့မယ်။

ဂျိတ်ခ်က ဖုန်းကိုကြည့်ပြီး ဝယ်ခြမ်းရမယ့် စာရင်းတွေကို တစ်ချက်ကြည့်သည်။ များများစားစားတော့ မဟုတ်ပါ၊ အိမ်မှာ လိုအပ်မယ့် သရေစာမုန့်၊ အဆာပြေမုန့်တွေနဲ့ ခေါက်ဆွဲခြောက်ထုတ်တွေပါပဲ။ အထူးသဖြင့်တော့ ဂျိတ်ခ်ကလေးအကြိုက် စားစရာများစွာကို ဝယ်ယူရန်ဖြစ်တယ်။

အနီးနားက ဖျော်ရည်ယမကာ section ရောက်တော့ လိုအပ်သည်များကို ယူမိသော်လည်း သူ့အတွေးတွေက  တစ်ခုခုကို တွေးလိုက်မိသည်။ လက်ထဲမှာ နွားနိုဘူးနှင့်ဖျော်ရည်ဘူးကို ပိုက်ထားလျက်၊ ဂျိတ်ခ်၏ ချောမောသော မျက်နှာလေးက ရှုံ့မဲ့မဲ့။

" အား မဟုတ်ဘူးနော် "

တစ်ယောက်တည်းကြားနိုင်အောင် ခပ်တိုးတိုး ရေရွတ်၍ သက်ပြင်းချသည်။ အဲ့ဒီနောက် ဘာမှမဖြစ်သလိုပဲ  ပစ္စည်းများကို တွန်းလှည်းထဲထည့်၏။ ဆက်လက်ပြီး ဘာမှမဖြစ်သလိုမျိုး ဈေးဝယ်ထွက်ပြန်သည်။

စင်စစ်တော့ ဂျိတ်ခ်ကလေးက ဟိုတစ်နေ့က ဆောင်းဟွန်းနဲ့သူတို့ရဲ့ အဖြစ်အပျက်ကိုတွေးနေမိတယ်။ နာမည်ကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်သော ဆောင်းဟွန်းက သူ့ကို ရုတ်တရက် ဖွင့်ပြောခြင်းကိစ္စကိုလည်း အခုထိတိုင် မယုံနိုင်သေးဘူး။

ဆောင်းဟွန်းက သူ့ကို ချစ်နေတယ်ဆိုတာ ထားပါတော့၊ ဒါဆိုလည်း ဂျိတ်ခ်အနေနဲ့  ရင်ခုန်မိတာမှန်တယ်။ သဘောကျမိနေတာလည်း ဟုတ်ပါသည်။ သို့သော် ' ချစ်တယ် ' ဆိုတဲ့စကားကိုတော့ ဂျိတ်ခ်ဘဝမှာ ပထမဦးဆုံးပဲ။

သူကိုယ်တိုင်ကလည်း ဘယ်သူ့ကိုမှ မချစ်၊မကြိုက်ဘူးတာမို့  ဒီအခြေအနေက နည်းနည်းလေး လက်ခံရခက်ခဲနေသည်။ သူ့အတွေးထဲ  အတွေးပေါင်းစုံတွေးမိပြီး အကြိမ်ကြိမ် သက်ပြင်းချနေမိနေခဲ့တယ်။

𝙍𝙤𝙢𝙖𝙣𝙩𝙞𝙘 𝙎𝙤𝙪𝙡𝙢𝙖𝙩𝙚 |SungJakeWhere stories live. Discover now