Chapter 15 : Sᴜᴘʀɪsᴇ !

417 63 3
                                    





ဒီနေ့က ကြာသပတေးနေ့။ ပုံမှန်အတိုင်း ရုံးဖွင့်ရက်ဖြစ်တာမို့ ဘာမှတော့ မထူးခြားခဲ့ချေ။

ဂျိတ်ခ်အတွက်ဆိုရင်တော့ အလုပ်သွားပြီး တစ်နေကုန် Laboratory မှာ အချိန်ကုန်မလား၊ ဒါမှမဟုတ် အစားအသောက်နဲ့ ဂြိုဟ်တွေရဲ့ဖိအားနှင့်အပူချိန်တွေ သက်ရောက်မှုရှိပုံကို လေ့လာနေမိမလား မပြောတတ်ပါ။

ယခုမူကား ဂျိတ်ခ်က သူတို့ဌာနမှာရှိနေ၍ စီနီယာတစ်ချို့နှင့် စကားစမြည်ပြောနေသည်။

" ကျွန်တော်တို့ဘက်က Lab မှာ ထပ်ပြီး စမ်းသပ်ပေးရအုံးမှာလား "

" အဲ့လိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စေတန်ဂြိုဟ်အတွက် အဆင်မပြေမှာ စိုးရိမ်နေကြတာပါ "

ထိုစဉ် အာကာသယာဉ်မှူးတွေအတွက် အစားအသောက်တွေပြုလုပ်သည့် အမျိုးသမီးက

" ဟိုတစ်နှစ်က potato Soup နဲ့ ပတ်သတ်ပြီး သူတို့ပြဿနာအကြီးကြီးတက်သွားတယ်လေ။ ဟိုရောက်တော့ ကြက်သားဟင်းကလည်း အဆင်မပြေဘဲ မာတောင့်နေခဲ့တာ "

" အဲ့တာကြောင့် စိုးရိမ်နေတာနေမှာပေါ့။ ဒါပေမဲ့ အခုတော့ အဲ့ဒီဂြိုဟ်ရဲ့ ဖိအားတွေအကြောင်း အတိအကျသိရပြီမို့ နောက်ထပ် ပရောဂျက်ကတော့ အဆင်ပြေမှာပါ။ ငါတို့ရော အာကာသယာဉ်မှူးတွေကော အားလုံး အတွက်ပေါ့ "

ယင်းအီတလီအမျိုးသမီးက သေချာလေး ရှင်းပြတော့မှာ အားလုံးမပြေလည်နေရာမှ အဆင်ပြေသွားကြသည်။ ဂျိတ်ခ်လည်း ထိုကိစ္စကို ပြန်လည်သုံးသတ်နေမိခဲ့တယ်။

နောက်ဆုံးမှာတော့ ထို menu ထပ်မံ စမ်းသပ်ပေးဖို့ သဘောတူလိုက်ရသည်။ ဧကန်တော့ အဲ့လောက်ကြီး မလွယ်ကူပေမယ့် အခြေအနေနှင့်အနေအထားက ဘယ်လိုမှ မတတ်နိုင်ဘူးလေ။

ရှင်းမ်ဂျိတ်ခ်က Lab ခေါင်းဆောင်ဆိုတော့ သူ့မှာ ဖိအားတွေတော်တော်များပါသည်။ ဒါကြောင့် သူဟာ ဆွေးနွေးမှုအပြီးမှာ အကြိမ်ကြိမ် သက်ပြင်းချနေခဲ့တယ်။



သို့ပေသည့် အရမ်းအလုပ်ကြိုးစားခဲ့ဖူးသော ဂျိတ်ခ်ကတော့ ထိုအစည်းအဝေးပြီးတဲ့တော့ Cafeteria သို့ထွက်လာခဲ့ပါပြီ။ ဒီအချိန်က နေ့လယ်စာ,စားချိန်မရောက်သေးပါဘူး။

𝙍𝙤𝙢𝙖𝙣𝙩𝙞𝙘 𝙎𝙤𝙪𝙡𝙢𝙖𝙩𝙚 |SungJakeWhere stories live. Discover now