Chapter 5 : Understanding

504 77 10
                                    





နေ့ရက်၊အချိန်တွေ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီ။ ထို့နည်းတူ ဆောင်းဟွန်းနဲ့ ဂျိတ်ခ်တို့ရဲ့ ရင်းနှီးပတ်သက်မှုကလည်း တဖြည်းဖြည်း နီးကပ်သထက် နီးကပ်လာခဲ့သည်။

အလုပ်လုပ်ရင်း စကားတွေပြောဖြစ်၍ မိတ်ဆွေသူငယ်ချင်းတွေလို ခင်မင်ရင်းနှီးလာတာမို့ ယခင်,ကလို ကသိကအောက် မဖြစ်တော့ဘူး။ ရှင်းမ်ဂျိတ်ခ်လေးက ခပ်သွက်သွက်လေးဖြစ်လို့ သူကချည်း စကားတွေ စပြောလေ့ရှိတယ်။

" ဆောင်းဟွန်းက ဘယ်လိုရုပ်ရှင်တွေ ကြိုက်လဲဟင် "

" ကိုယ်လား။ အက်ရှင်တွေကို သဘောကျတယ်။ နောက်ပြီး Horror အမျိုးအစားတွေကိုတော့ စိတ်ဝင်စားတယ် "

ဆောင်းဟွန်းက တစ်စက်ကလေးမှ တွေးတောဟန် မပေါ်ဘဲ ချက်ချင်းတုံ့ပြန်တော့ ဂျိတ်ခ်က ခပ်ပြုံးပြုံး။  သူတို့က ဌာနရဲ့ ရုံးခန်းထဲတွင်ရှိနေပြီး  ကျန်နေတဲ့ ရုံးအလုပ်နည်းနည်းကို အဆုံးသတ်နေကြတယ်။

ပင်ပန်းလွန်းတယ် မဟုတ်ပေမယ့် တစ်ခန်းလုံးမှာ လူသူနည်းပါးနေတာကြောင့် စကားစမြည်ပြောမိသည်။ ဂျိတ်ခ်ကတော့  မားစ်ဂြိုဟ်ရဲ့ အပူချိန်တွေနဲ့ဖိအားတွေကို အချက်အလက်,မှန်မမှန် တိုက်စစ်နေတယ်။

" ဒါနဲ့ ဂျိတ်ခ်ကော ဘယ်လိုမျိုးရုပ်ရှင်တွေကြိုက်လဲ။ ကြည့်ရတာ Sci-fi ကြိုက်မယ့်ပုံပဲ "

" ဟင့်အင်း။ ဆောင်းဟွန်း ထင်လို့ပါနော်။ ရုပ်ရှင်တွေ သိပ်မကြည့်ဖြစ်ပေမယ့် ဘာပဲဖြစ်ဖြစ် Happy Ending ဆိုရင်တော့ ကြည့်တယ် "

အဲ့ဒီနောက် ဂျိတ်ခ်က လက်ထဲက စာရွက်ကို စားပွဲပေါ်ချလိုက်၍ ဆက်ပြောသည်။

" မနှစ်က Social Media မှာ နာမည်ကြီးတဲ့ ဇာတ်လမ်းတွဲကြည့်ဖြစ်သေးတယ်။ Happy Ending ထင်ပြီး အဆုံးထိကြည့်လိုက်တာ ဘယ်ဟုတ်မလဲ Sad Ending ဖြစ်နေတာ။ အဲ့တာပြီးတော့ သုံး/လေးရက်အထိ အဲ့စိတ်နဲ့ တငိုင်ငိုင်ဖြစ်နေရတုန်းပဲ "

" အဲ့ကတည်းက ဇာတ်လမ်းတွဲဖြစ်ဖြစ်၊ ရုပ်ရှင်ဖြစ်ဖြစ်  အဆုံးထိသိမှ ကြည့်ဖြစ်တော့တယ် "

ဂျိတ်ခ်က ဤသို့ပြောတော့ ဆောင်းဟွန်းမှာ ခပ်ဖွဖွသာ ပြုံးရယ်နိုင်သည်။ စင်စစ်တော့ သူလည်း အဆုံးသတ်မလှတဲ့ ဇာတ်သိမ်းတွေကို မကြိုက်ဘူး။ အထူးသဖြင့် လက်တွေ့ဘဝမှာပေါ့။

𝙍𝙤𝙢𝙖𝙣𝙩𝙞𝙘 𝙎𝙤𝙪𝙡𝙢𝙖𝙩𝙚 |SungJakeWhere stories live. Discover now