Chapter 16 ⚠️

761 64 4
                                    




နိုးစက်ပေးထားခြင်း မရှိသော်လည်း အကျင့်ဖြစ်နေသလိုမျိုး သူ့မျက်လုံးအစုံတို့က နိုးကြားလာသည်။ မနက်အိပ်ရာနိုးတာနဲ့ မြင်ကွင်းထဲ မြင်နေရတဲ့ လူသားလေးကြောင့် ဆောင်းဟွန်းပြုံးလိုက်မိတယ်။

သူ့ ဂျိတ်ခ်ပိစိလေးက နှစ်ခြိုက်စွာ အိပ်ပျော်နေတုန်းပါပဲ။ သို့သော် ဘာလို့မှန်းမသိ အိခုပိခုလေးက အရမ်းချစ်ဖို့ကောင်းလွန်းနေသည်။

အထူးသဖြင့် ပါးမို့မို့လေးတွေ၊ ဖူးဖူးထော်ထော် နှုတ်ခမ်းလေးများနှင့် မျက်တောင်စင်းစင်းလေးတွေက ခပ်စိတ်စိတ်။ အားလုံးခြုံကြည့်စရာမလိုဘဲ သူ့၏တစ်ဦးတည်းသောလေး,က ချစ်စရာကောင်းလွန်းတယ်။

မစ္စတာ ဆောင်းဟွန်းဟာ အိပ်ရာနိုးတာတောင် မျက်နှာသစ်၊သွားတိုက်ရမယ့်အစား သူ့ဂျိတ်ခ်ပိစိကို အသေးစိတ် ငေးကြည့်နေသည်။ ရိုးရိုးလေး တစိမ့်စိမ့်ငေးရတာကို ပျင်းရိသွားပြီလားမသိ၊ အိပ်ရာပေါ် မှေးထောက်ပြီး စေ့စေ့စိုက်ကြည့်ကာ သဘောတကျကျ။

လက်ရှိ ခံစားချက်ကို ပြောရရင် ဒီအခိုက်အတန့်လေးကို သူ သဘောတွေ့သည်။ ဂျိတ်ခ်ကလေးကို ချစ်ရတာကော၊ အခုလို ငေးကြည့်ရတွေ,ကအစ အားလုံးဟာ ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော အံ့ဖွယ်အရာတွေပင်။

ဤသို့ မစ္စတာပတ်ခ်တစ်ယောက် သူ့ချစ်သူလေးကို ရှယ်ကြူးနေစဉ်မှာ အိပ်ပျော်နေသော ချစ်သူလေးအိခုက ခန္ဓာလေးလှုပ်ရှားလာပြီ။

နှုတ်ဖျားကလည်း " အွန်း " ဆိုတဲ့ အသံပိစိလေး ထွက်ပြီးနောက်၊ ဆောင်းဟွန်းကို ခွလုံးသဖွယ် ဖက်ထားလိုက်၏။ ကြည့်ရသလောက် ဂျိတ်ခ်အသေးလေးက အခုထိ အိပ်မက်ကမ္ဘာထဲမှာပဲ ရှိနေသေးပုံပေါ်သည်။
ဒါပေမဲ့ ထိုပုံစံလေးက အရမ်းအရမ်းကို ချစ်စရာလေးဖြစ်နေတယ်လေ။

" ချစ်ဖို့ကောင်းတယ်။ အိခုက အူယားစရာလေး "

ဆောင်းဟွန်းက ပြုံးရယ်နေပြီး သူ့နှုတ်ခမ်းတွေကလည်း မရပ်တန့်နိုင်အောင် အိခုပိခု၏ပါးပြင်နုနုလေးထံ ဖိကပ်နမ်းလိုက်သည်။ ညင်ညင်သာသာ ခပ်ဖွဖွလေးတောင် မဟုတ်ခဲ့ပါဘူး။

𝙍𝙤𝙢𝙖𝙣𝙩𝙞𝙘 𝙎𝙤𝙪𝙡𝙢𝙖𝙩𝙚 |SungJakeWhere stories live. Discover now