Chapter 12 : ⚠️ 𝗚𝗼𝗼𝗱𝗯𝘆𝗲

977 65 5
                                    




NASA ရဲ့ Food laboratory ထဲမှာ အစားအသောက်တွေကို စမ်းသပ်နေရင်း ဂျိတ်ခ်ကလေးက တစ်နေကုန် အလုပ်ရှုပ်နေသည်။ အဖြူရောင် Lab coat ကို ဝတ်ဆင်ထားပြီး အလုပ်ကိုသာ အာရုံစိုက်နေပုံလေးက ချစ်စရာအတိ။

ဂျိတ်ခ်က နဂိုကတည်းက အလုပ်ကြိုးစားသူမို့ ယခုလည်း အချိန်တော်တော်များများကို အလုပ်မှာပဲ ကုန်ဆုံးခဲ့တယ်။ ဒါကြောင့်လည်း သူဟာ ဆောင်းဟွန်းနဲ့ သုံးရက်တည်းသာ,နေရတော့မယ့်ကိစ္စကို မေ့လျော့နေမိသည်။ တစ်ချိန်လုံး အလုပ်မှာပဲ အာရုံစူးစိုက်နေရတာမို့ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိုတောင် လျစ်လျူပြုမိခဲ့တာ ဖြစ်သင့်ပါတယ်။

သို့ပေသည့် ညနေခင်း အလုပ်ဆင်းချိန်ရောက်တာနဲ့ ရင်ထဲမှာ မပြောပြလောက်အောင် တင်းကျပ်တဲ့ ဝမ်းနည်းမှုကို ဂျိတ်ခ် စတင်,ခံစားလိုက်ရသည်။ ချက်ချင်းပါပဲ သူ့၏မျက်ဝန်းတွေ၌ မျက်ရည်ကြည်တို့ရစ်ခိုလျက်၊ ငိုမဲ့မဲ့လေး ဖြစ်နေသည်။

" ဂျိတ်ခ် နေမကောင်းဘူးလား။ ဆေးခန်းသွားပြလိုက်အုံး "

" ရပါတယ် ကျွန်တော်ဘာမှမဖြစ်ပါဘူး "

လုပ်ဖော်ကိုင်ဖက် အစ်မတစ်ယောက်ကို အဆင်ပြေကြောင်း ဟန်ဆောင်ပြောမိရင်း သိမ်းစရာရှိတာသိမ်းပြီး ထွက်လာခဲ့တယ်။ စင်စစ်တော့ ဂျိတ်ခ်အနေနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ခံစားချက်တွေက ပြင်းထန်နေပြီး ဆောင်းဟွန်းက သူရဲ့ပထမဆုံးရည်းစားဖြစ်နေတော့ ပိုဆိုးသည်။

ဒါပေမဲ့ လက်ရှိမှာတော့ ဂျိတ်ခ်က အေးအေးဆေးဆေးလေးပါပင် ရုံးထဲကနေ ထွက်လာ၍ အိမ်ပြန်ရန် တာဆူနေသည်။ ထိုစဉ်မှာပဲ ရုံးအဝင်ဝ မှန်တံခါးရှေ့ စင်္ကြံလျှောက်လမ်းရှေ့သို့ ဇိမ်ခံကားတစ်စင်း ဆိုက်ရောက်,လာတယ်။

အနက်ရောင်ဇိမ်ခံကား အကောင်းစားကြီးကို ကြည့်ရုံနဲ့တင် သာမန်လူမဖြစ်နိုင်မှန်း အသိသာကြီး။ နာမည်ကြီးလျှမ်းလျှမ်းတောက် စီးပွားရေးသမား ဒါမှမဟုတ် အနုပညာရှင်တစ်ယောက်ယောက် ဖြစ်ပါလိမ့်မယ်။

အညိုရောင် ဟူဒီခပ်ပါးပါးကို ဝတ်ထားပေမယ့် ဝက်ဝံလုံးလေးလို ဖြစ်နေတဲ့ ဂျိတ်ခ်က ခပ်ပေါ့ပေါ့တွေးလိုက်သည်။ အဲ့ဒီနောက် သူ့ခြေလှမ်းများက လေးလံစွာနဲ့ ကားပါကင်ရှိရာသို့ ထွက်လာခဲ့တယ်။

𝙍𝙤𝙢𝙖𝙣𝙩𝙞𝙘 𝙎𝙤𝙪𝙡𝙢𝙖𝙩𝙚 |SungJakeWhere stories live. Discover now