Chapter 11

421 59 4
                                    





မှောင်မဲ၍ အေးချမ်းလှသည့် တိတ်ဆိတ်သော ညအချိန်ဖြစ်ပေမယ့် သူက အခုထိတိုင် အိပ်မပျော်သေးဘူး။ တစ်ဖက်ကို ကျောပေးပြီးအိပ်နေရာမှ လှည့်လာသည်။

မြင်ကွင်းထဲ ချစ်ဖို့ကောင်းတဲ့ မျက်နှာလှလှလေးကို တွေ့လိုက်ရတော့ ဆောင်းဟွန်း ပြုံးလိုက်မိပြီ။

" အိပ်မပျော်ဘူးလား။ ကိုယ်က အိခုလေး အိပ်နေပြီထင်တာ "

" ဟင့်အင်း အိပ်ရာအပြောင်းအလဲကြောင့်ထင်တယ်  အိပ်မပျော်ဘူး "

မျက်နှာလှလှလေးက ရှုံ့မဲ့၍ ဆောင်းဟွန်းရဲ့ရင်ခွင်ကျယ်ထဲ တိုးဝင်သည်။ ဧကန်စင်စစ် သူစိမ်းတစ်ယောက်နဲ့အတူ အိပ်ရတာ ဂျိတ်ခ်ဘဝမှာ ပထမဦးဆုံးပဲ။ အထူးသဖြင့် သမီးရည်းစားတွေလိုမျိုး ဆက်ဆံရေးရှိတဲ့ ဆောင်းဟွန်းနဲ့ဆိုရင်တော့ ပြောစရာပင်မလိုတော့ပြီ။

ဂျိတ်ခ်က တစ်ခါတစ်ရံမှာ ရှက်ရွံ့တတ်သော်လည်း အများအားဖြင့် သွက်သွက်လက်လက်ရှိတဲ့ လူတစ်ယောက်ဖြစ်သည်။ ဒါပေမဲ့ ဒီလိုမျိုး ဆောင်းဟွန်းနဲ့အတူရှိနေရတဲ့အချိန်မှာတော့ ရင်ခုန်သံတွေမြန်ဆန်ကာ ခြေဖျားလက်ဖျားတွေ အေးစက်နေတယ်။

ရှက်ကိုးရှက်ကန်းဖြစ်တယ်ပဲဆိုဆို ဒီအမျိုးသားကို သဘောကျနေတာမို့ ဂျိတ်ခ် သတ္တိရှိအောင် ကြိုးစားမိသည်။ ယခု သူဟာ ဆောင်းဟွန်းရဲ့ရင်ခွင်ကျယ်ထဲ ရောက်ရှိ၍ အတော်အတန်ကြာ ငြိမ်သက်နေမိတယ်။

" ဒီလိုဆိုရင်ကော အိပ်ပျော်မှာလား။ ကိုယ်ဖက်ထားပေးမယ်လေ "

" အိခုလေး သဘောကျတယ်မလား "

ဆောင်းဟွန်းက သူ့ရင်ခွင်ထဲက လုံးလုံးတုံးတုံး အိခုပိခုလေးရဲ့ အညိုရောင်ဆံနွယ်လေးတွေကို ခပ်ဖွဖွငုံ့နမ်းရင်း ပြုံးသည်။ ဧကန် သူဟာ ဒီအခြေအနေကို သိပ်သဘောကျပါတယ်။

နွေရာသီမို့ အနည်းငယ်ပူအိုက်နေပေမယ့် ဒီလို ချစ်သူလေးနဲ့ နွေးနွေးထွေးထွေးကြင်ကြင်နာနာရှိရတာကို ပို၍ခုံမင်နေသည်။

" အဲ့တာကြောင့် ဘာမှမတွေးတော့ဘဲ အိပ်လိုက်နော်။ မနက်ဖြန် အလုပ်ရှိသေးတယ်မလား "

𝙍𝙤𝙢𝙖𝙣𝙩𝙞𝙘 𝙎𝙤𝙪𝙡𝙢𝙖𝙩𝙚 |SungJakeWhere stories live. Discover now