Chapter 14

371 64 5
                                    





K Drama ပရိတ်သတ်များနှင့် သတင်းထောက်တွေကြား အာရုံစိုက်ခံနေရတဲ့သတင်းကတော့ ဆောင်းဟွန်းရဲ့ အချစ်ရေးသတင်းပင်ဖြစ်သည်။ တော်ရုံကိစ္စဆိုရင် လူတွေက ကျော်သွားလေ့ရှိပေမယ့် နာမည်ကြီးတစ်ယောက်၏ အချစ်ရေးကိစ္စဆိုရင်တော့ ပိုပြီးစိတ်ဝင်စားကြသည်။

​လမ်းထိပ်က အဒေါ်ကြီးတွေကအစ၊ အထက်တန်းကျောင်းသူတွေပါမကျန် တောင်ကိုးရီးယားတခွင် ထိုသတင်းက ပြဲပြဲစင်အောင်ရှိနေတယ်။ အကြောင်းကတော့ ဆောင်းဟွန်းက နာမည်ကြီးမင်းသား ဖြစ်သလို၊ သူ့ရည်းစားလေးကို ဘယ်သူဘယ်ဝါဆိုပြီး မဖော်ပြထားတာကြောင့် လူတွေရဲ့ စိတ်ဝင်စားမှု မြင့်တက်စေသည်။

တစ်ချို့ကလည်း ဆောင်းဟွန်း၏ရည်းစားက အနုပညာရှင်တွေထဲက ဘယ်သူဘာညာဆို၍ ခန့်မှန်းကြသေးသည်။ ဒါ့အပြင် မီဒီယာတွေကလည်း ထိုသတင်းကို သိချင်လွန်းလို့ သတင်းအစအနရှာလိုက်၊ ဆောင်းဟွန်းကို interviewနိုင်ဖို့ အမျိုးစုံကြိုးပမ်းလိုက်နဲ့ အလုပ်ရှုပ်ကြဆဲ။

ထိုကဲ့သို့ဖြင့် တောင်ကိုးရီးယားနိုင်ငံမှာ ယင်းသတင်းက Hot topic ဖြစ်လျက်၊ Web news တွေအထိရောက်ကာ လူပြောများနေကြသည်။ ယင်းနည်းတူ International က K drama ပရိတ်သတ်တွေကလည်း ဤသတင်းကြောင့် အံ့ဩမင်သက်ကြရသည်။

" ဟေ့ ဆောင်းဟွန်း။ မင်းသေချာကြည့်လုပ်ဦး။ မပြောမဆိုနဲ့ အကုန်ဖော်လိုက်တော့ CEO တော်တော်ဒေါသထွက်နေပြီ "

" ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သူအကျိုးအမြတ်ရသွားမလား။ ကျွန်တော့် စာချုပ်လည်း ကုန်တော့မယ့်ဟာ သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး "

ဆောင်းဟွန်းက ဆောင်းဟွန်းပါပဲ။ သူက တည်ငြိမ်အေးဆေးစွာ လက်ထဲက ဖုန်းကို ငေးကြည့်ရင်း ပြုံးရယ်နေသည်။

စင်စစ် သူ့အနေနဲ့ လက်ရှိကုမ္မဏီအတွက် အများကြီး အလုပ်လုပ်ပေးခဲ့ပြီပါပြီ။ ဒါ့အပြင် သူဟာ အခု ဟောလိဝုဒ်ရုပ်ရှင်ဈေးကွက်ထဲ ထိုးဖောက်တော့မှာမို့ ပြည်တွင်းရုပ်ရှင်ကို ဆက်လက် မတွယ်တာသင့်တော့ဘူး။

ဆောင်းဟွန်းက သူ့တက်လမ်းဖြစ်တဲ့ နေရာအရပ်ကို ရွေးချယ်သင့်တယ် မဟုတ်ပါလား။ ထို့ကြောင့် သူဟာ ဒီစာချုပ်သက်တမ်းကုန်တာနဲ့ ကမ်းလှမ်းထားတဲ့ CCA (Creative Artists Agency ) နှင့် လက်တွဲရန် ဆုံးဖြတ်ပြီးသားပါ။

𝙍𝙤𝙢𝙖𝙣𝙩𝙞𝙘 𝙎𝙤𝙪𝙡𝙢𝙖𝙩𝙚 |SungJakeWhere stories live. Discover now