Chapter 2 : 𝐷𝑒𝑙𝑡𝑎𝑣𝑒𝑟𝑠𝑒 ✔︎

827 92 6
                                    




လက်ရှိကာလ။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်။

ဇိမ်ခံတိုက်ခန်းမဟုတ်သော်လည်း လူလတ်တန်းစားများ နေထိုင်နိုင်သော၊ ကျယ်ဝန်းသော ကိုယ်ပိုင်တိုက်ခန်းတွင်ဖြစ်၏။ လူနှစ်ယောက်စာအတွက် ကောင်းကောင်းဆန့်တဲ့ အိမ်ကလေးပါ။

သို့ပေသည့် ဤတိုက်ခန်းပိုင်ရှင်ကတော့ လူပျိုတစ်ယောက်သာဖြစ်သည်။ ဧည့်ခန်းအပါအဝင် ရေချိုးခန်း၊ မီးဖိုချောင်နှင့် အိပ်ခန်းတို့ကတော့ မထင်ရစွာ အမှိုက်တွေ၊ မုန့်အခွံတွေ၊ အဝတ်တစ်ချို့နှင့် ပေတလူးနေတယ်။

အဖြူရောင်နံရံကပ်စက္ကူတွေနဲ့ ခြားနားလျက် ထိုအိမ်ကလေးက အမှိုက်ပုံလေးလို့ ထင်ရတဲ့အထိပင်။ ဒါပေမဲ့လည်း အများကြီး ညစ်ပတ်ပေရေနေတာမဟုတ်ဘဲ ပစ္စည်းတွေနဲ့ ရှုပ်ရှပ်ခတ်နေရုံသာ။

တစ်ခုတည်းသော အိပ်ခန်းတွင်တော့ အိမ်ပိုင်ရှင်လေး ရှင်းမ်ဂျိတ်ခ်က နှစ်ခြိုက်စွာ အိပ်မောကျနေသည်။ ဆောင်းဦးရာသီမို့ စောင်ထူထူကို လွှမ်းခြုံထားလျက်၊ ဖက်လုံးကို အားရပါးရဖက်ထားပြီး အိပ်ပျော်နေတယ်။



" တီ...တီ...တီ...တီ...တီ "

ခဏအကြာမှာတော့ အဆက်မပြတ် မြည်လာတဲ့ အချိန်မှန်နိုးစက်သံကို ကြားလိုက်ရပြီ။ အလွန်တိတ်ဆိတ်နေသော တစ်ခန်းလုံးလည်း ထိုအသံကြောင့် ဆူညံသွားတော့တယ်။ နေ့စဉ်နေ့တိုင်းကြားနေရတဲ့ ဤနိုးစက်သံက ပျင်းရိဖွယ်။

ဒါပေမဲ့ ဂျိတ်ခ်ခမျှာ အိပ်ရာမထချင်တောင် လုံးဝထရတော့မယ့် အလုပ်ရှိတာကြောင့် သူဟာ ပျင်းတိပျင်းတွဲဖြင့် ထိုနိုးစက်ကို ပိတ်လိုက်တယ်။ သူ့မျက်လုံးတွေကတော့ အခုထိ အိပ်ချင်နေတုန်းပါပဲ။

မနေ့ညတုန်းက မနက်လေးနာရီလောက် တရေးနိုးလို့ ဂျိတ်ခ်မှာ တော်တော်နဲ့ အိပ်မရခဲ့ဘူး။ သူ မနေ့ညက အကြောင်းကို စဉ်းစားလိုက်ရုံရှိသေး၊ ထူးဆန်တဲ့ အိပ်မက်ကိုပါ တစ်ဆက်တည်းတွေးမိသွားတယ်။

အရပ်ရှည်ရှည်နဲ့ ယောက်ျားတစ်ယောက်။ မျက်နှာကို သေချာမမြင်ရပေမယ့် ချောမောမယ်မှန်း သူ ခန့်မှန်းမိတယ်။ တော်ဝန်မင်းသားလေးလို ထိုသူက ဂျိတ်ခ်ကို ကာကွယ်ပေးရုံမက ရိုမန့်တစ်အခြေအနေအထိပါရောက်ခဲ့သည်။ ဒါတွေက အိပ်မက်တစ်ခုသက်သက်သာဖြစ်သော်လည်း တကယ်ခံစားနေရသလိုမျိုးကြီး။

𝙍𝙤𝙢𝙖𝙣𝙩𝙞𝙘 𝙎𝙤𝙪𝙡𝙢𝙖𝙩𝙚 |SungJakeWhere stories live. Discover now