Chapter 3 : ʟᴏᴠᴇ ᴀᴛ ꜰɪʀsᴛ sɪɢʜᴛ ❤︎︎

619 90 9
                                    





နေ့ရက်များစွာ ကုန်လွန်ပြီးတဲ့နောက် နှစ်လတာ အချိန်ကလည်း ခဏလေးနဲ့ ကုန်ဆုံးသွားခဲ့သည်။ ယခုဆို ဆောင်းဦးရာသီကုန်ဆုံး၍ အေးအေးချမ်းချမ်း ဆောင်းရာသီသို့ ကူးပြောင်းလာသည်။

တောင်ကိုးရီးယားနိုင်ငံ၏ ဒိတ်ဒိတ်ကျဲ နာမည်ကြီးရုပ်ရှင်မင်းသား ပတ်ခ်ဆောင်းဟွန်းကတော့ ဟောလိဝုဒ် ရုပ်ရှင်အတွက် ကယ်လီဖိုးနီးယားပြည်နယ်၊ လော့အန်ဂျလစ်မြို့သို့ ရောက်ရှိနေပါပြီ။ လျှင်မြန်လွန်းသည်ဟု မဆိုသာသော်လည်း အလုပ်အတွက်တော့ အမြဲတမ်း အချိန်မှန်နေသင့်တယ် မဟုတ်လား။

" ဆောင်းဟွန်း ငါတိုက်ခန်းငှားပြီးပြီ အဲ့မှာပဲ နေလိုက်ကြရအောင်။ လုံးချင်းအိမ် ငှားဖို့ကျ ရိုက်ကူးရေးနဲ့ တော်တော်ဝေးသွားမှာ။ ပြီးတော့ တစ်အိမ်လုံးမှာ ငါတို့လေးယောက်တည်း "

" တော်ကြာ သရဲကားတွေထဲကလို အိမ်ကြီးမှာ သရဲတစေတွေရှိနေရင် ဘယ်လိုလုပ်မလဲ။ မြို့ပြင်မှာကြီး ကြောက်ဖို့ကောင်းလိုက်တာ "

သူ့ခန္ဓာကိုယ်ကြီးကိုမှ ကြောက်လန့်နေတဲ့ ဘောဒီဂတ်ကို ကြည့်ရင်း ဆောင်းဟွန်းပြုံးရယ်သည်။ အစကတော့ သူနဲ့မန်နေဂျာ အစ်ကိုကြီးရယ်ပဲ လာဖို့စိတ်ကူးမိတယ်။ ဒါပေမဲ့ တကယ်တမ်းကျ မန်နေဂျာ၊ ဘော်ဒီဂတ်နှင့် ပါစင်နယ်ဘာသာပြန်တို့ပါ, အတူလိုက်ပါလာကြသည်။

ဆောင်းဟွန်းက တစ်ယောက်တည်း အေးအေးဆေးဆေးနေချင်ပေမယ့် ဒီလူတွေကြောင့် နားညီးရပေဦးမယ်။ အခုလည်းကြည့် သူ့ကို အလယ်မှာထားပြီး ထိုလူတွေဟာ သုံးလတာ တည်းခိုမယ့်နေရာအတွက် အငြင်းအခုံလုပ်နေကြတယ်။

" ဟာ မဟုတ်တာ။ ဆောင်းဟွန်းက သခင်လေးပဲဟာ ဘာလို့ Luxury တိုက်ခန်းမှာနေရာမှာလဲ။ လုံးချင်းအိမ်ငှားလိုက်ရမှာကို။ မြို့ထဲမှာလည်း နေရာရှိတာပဲ "

" မင်း အဲ့ဒီနေရာကို သိလို့လား "

မန်နေဂျာက အိမ်ထောင်သည် ဘာသာပြန်,အမျိုးသမီးကို ချက်ချင်းမေးလိုက်တော့တယ်။ ဟိုကလည်း အိမ်ကြီးအိမ်ကောင်းမှာ အရမ်းနေချင်မှန်းသိသာအောင် ခပ်မြန်မြန်ပဲ ပြောပြလိုက်တော့သည်။

𝙍𝙤𝙢𝙖𝙣𝙩𝙞𝙘 𝙎𝙤𝙪𝙡𝙢𝙖𝙩𝙚 |SungJakeWhere stories live. Discover now