Unicode
အပိုင်း - ၄၈
ကြိုတင် ဆက်သွယ်ထားပြီးသော ဆေးရုံသို့ လုကျင်းလန်က ဝမ်ကျားနင်ကို ခေါ်ဆောင်သွားသည်။
ဝမ်ကျားနင်က အတန်ငယ် စိတ်လှုပ်ရှားနေဆဲ ဖြစ်သော်လည်း စကားမပြောဘဲ နှုတ်ဆိတ်နေ၏။
လုကျင်းလန်က နှစ်သိမ့်လိုက်သည်။
“ စိတ်မပူပါနဲ့၊ မင်းအခြေအနေနဲ့ ပတ်သက်ပြီး ကိုယ် ဆရာဝန်ကို ပြောပြထားပြီးသား ”
ဝမ်ကျားနင် တုန်လှုပ်အံ့အားသင့်စွာ ကြည့်မိသွားတော့ လုကျင်းလန်က သူ့ခေါင်းကို သပ်ပေးလိုက်ရင်း
“မင်းခန္ဓာကိုယ်မှာ ချို့ယွင်းချက် တစ်ခုရှိတယ်လို့ပဲ ကိုယ် ပြောလိုက်တာ၊ အသေးစိတ်မပြောဖြစ်ဘူး...သူကလည်း စပ်စုမယ့်လူမျိုး မဟုတ်လို့ မစိုးရိမ်ပါနဲ့၊ လူနာတွေရဲ့ ကိုယ်ရေးကိုယ်တာကို သူက စိတ်မဝင်စားဘူး”
ဝမ်ကျားနင်ကို စမ်းသပ် စစ်ဆေးပေးမည့် ဆရာဝန်၏ နာမည်က 'ရှယန်' ဖြစ်သည်။ အေးတိအေးစက်နှင့် poker face ကဲ့သို့ ခန့်မှန်းရခက်သော မျက်နှာထားမျိုး ရှိ၏။
ရှယန်က ဝမ်ကျားနင်၏ ခန္ဓာကိုယ်အပေါ် ဘာမှ စပ်စုလိုစိတ် မရှိဘဲ၊ ခြေထောက်မှာ ရထားသော ဒဏ်ရာကြောင့်သာ သူ့ကို ဘောင်းဘီ တစ်ဝက်လောက် လိပ်တင်ခိုင်းပြီး ဒူးဒဏ်ရာကို စစ်ဆေးလေသည်။ ထို့နောက် ဓာတ်မှန် ထပ်ရိုက်ကြည့်တော့ အရိုးကို ထိခိုက်သွားခြင်း မရှိကြောင်း တွေ့ရပြီး အရွတ်ကိုပဲ ထိခိုက်ဒဏ်ရာရသွားကြောင်း ရှယန်က ပြောပြ၏။
ဝမ်ကျားနင်က စိတ်ညစ် မသွားပါ။ ရေထဲ ပြုတ်ကျသည့် နောက်ဆက်တွဲရလဒ်နှင့် ထိုအမူးသမားနှင့် ရုန်းရင်းဆန်ခတ်ဖြစ်စဉ်က ရခဲ့သော ဒဏ်ရာများ၊ နောက်ပြီး ဖုန်းနှင့် အရိုက်ခံရတုန်းက ခေါင်းထိသွားသော ကွဲရှရာတို့ကို သူ ပိုပြီး စိုးရိမ်မိခဲ့တာ ဖြစ်သည်။ ရှယန်က သူ့အား အသေးစိတ် စစ်ဆေးပြီးသည့်နောက် ဆေးရုံတွင် နှစ်ရက်လောက် နေရမည်ဖြစ်ကာ ထွေထွေထူးထူး မရှိလျှင် ဆေးရုံဆင်းလို့ရမည်ဟု ဆိုသည်။
ထို့နောက် ရှယန်က လုကျင်းလန်ကို တိုက်ရိုက်ပြောလိုက်၏။
“ မစ္စတာခေါ့က နည်းနည်း ထိတ်လန့်နေသေးလို့၊ သူ့မိသားစုကို အကြောင်းကြားပေးသင့်တယ် ”
![](https://img.wattpad.com/cover/304399104-288-k85659.jpg)
YOU ARE READING
ပြီးပြည့်စုံခြင်း [COMPLETED]
Romance~ ရုပ်ရှင်လောက၊ ခန္ဓာကူးပြောင်းခြင်း ~ Start Date - 12.3.2022 End Date - 24.4.2024