Unicode
ပျင်းလာတာနဲ့ စီးကရက်ရှိုက်ဖို့ရာ ဆေးလိပ်ကိုထုတ်လို့ နှုတ်ခမ်းကြားညှပ်လိုက်ရင်း မီးခြစ်တုန်းရှိသေး အမောတကော ပြေးလာပုံရတဲ့ မက်သရူးဟာ သူ့ရှေ့မှာ ဟောဟဲလိုက်စွာနဲ့ ။
သူမြင်လိုက်ရတဲ့စီနီယာဟာ နှုတ်ခမ်းကြားစီးကရက်ကိုတော့ ဆွဲထုတ်လို့ လွှင့်ပစ်သွားပြီးနောက် စိတ်ပူနေတဲ့ မျက်လုံးတွေနဲ့ပင် ပြောလာတယ်။
" ဘာလို့ပြေးလာတာလဲ .. မောနေပြီ "
ပြုတ်ကျနေတဲ့ဟူဒီရဲ့တစ်ဖက်ကို ဂျီအွန်းဟာ ပြန်ဆွဲတင်ပေးလိုက်ပြီး နဖူးရှင်းရှင်းလေးမှာ ကပ်တွဲနေတဲ့ ချွေးသီးလေးတွေကိုသွားမြင်တဲ့အခါ သူ့လက်ဖမိုးဇောင်းနဲ့ လိုက်လံသုတ်ပေးလိုက်မိတယ်။
မောနေရာကနေ လန့်သွားပုံရတဲ့ မက်သရူးဟာလည်း အနည်းငယ်နောက်ကိုပင်ဆုတ်သွားတာမို့ ကင်မ်ဂျီအွန်းကပြုံးရင်းနဲ့ပဲ အလိုက်သိစွာလက်ကိုပြန်ရုတ်သိမ်းသွားသည်။
စီနီယာက အထိအတွေ့တွေ နဲ့ရင်းနှီးနေတဲ့လူတစ်ယောက်ဆိုတာ သူ သိပြီးသားပါ။ ဒီလိုမျိုး ကြုံရမည်ဆိုတာလည်း မျှော်လင့်ပြီးသား .. တကယ်တန်း ကြုံရတော့ ဒီလိုအသေးအမွှားတောင် သူ့မှာ တွန့်ဆုတ်နေမိတယ်။ ဒါက စီနီယာ့ကိုသဘောမကျလို့မဟုတ်ဘဲ . ထိုအထိအတွေ့မျိုးနဲ့ မရင်းနှီးခဲ့ဖူးတာကြောင့်ပင်။
ထယ်ရယ်တို့ပြောသလို သူက အဖြူထည်ကိုမှ အဖြူထည်သက်သက်ပါပဲ ..
ဒါပေမယ့် အခုတော့ အရောင်တွေဆိုးပစ်ချင်လာပါသည်။
" ဒါဆို . သွားကြမယ်လေ "
တိတ်ဆိတ်သွားတဲ့ခဏတာကို စီနီယာ့က ပြန်လည်စတင်ရင်း ကားဆီတက်ဖို့ခေါ်တယ်။ အလွယ်တကူဖွင့်မရတဲ့ ကားတံခါးကြောင့် စီနီယာဂျီအွန်းဟာ အခါခါကြိုးစားနေရသည်။ ပြီးတော့ ဟူးခနဲ သက်ပြင်းချလာရင်း သူ့ဘက်သို့လှမ်းပြောတယ်။
" ကားလော့ခ်ကျသွားတာ "
.
.ညစျေးတန်း ။
သူ့ရဲ့ဘဝမှာပထဆုံးရောက်ဖူးတယ်ပြောရမလား .. ဒါက အရမ်းကိုပျော်ဖို့ကောင်းလွန်းနေတယ်။ လူတွေလည်းအရမ်းများတယ် .. စားစရာတွေလည်းအရမ်းများတယ်။ မက်သရူးကတော့ စားချင်တာစားပြီး ပျော်ရွှင်ခုန်ပေါက်နေတယ်။