Unicode
ဒါက ဘယ်လိုအခိုက်အတန့်လဲဆို တက္ကသိုလ်ဝင်တန်းအောင်မယ့်စာရင်းကိုစောင့်ကြည့်ခဲ့ရသလိုမျိုးပဲ၊ .. အဲ့တုန်းကတော့ ဘေးမှာအတူလိုက်ရင်ခုန်ပေးနေမယ့် မာမားတို့တွေရှိတယ်။
အသက်ကိုခပ်ဖြေးဖြေးရှုသွင်းရင်းနဲ့ပဲ ကျွံဝင်သွားမည်ဆိုး၍အလား လူခေါ်ဘဲလ်ကို သူအသာလေးနှိပ်မိတယ်။ အော်မြည်သွားသံက နှလုံးခုန်နှုန်းအားတိုးသွားစေသည်။ ခေါင်းကိုငုံ့ထားရင်း လွယ်ထားတဲ့ဘေးအိတ်ကြိုးကိုလည်းလက်နှစ်ဖက်လုံးနဲ့ကျစ်နေအောင်ဆွဲထားတယ်။ ခြေထောက်တွေကိုလည်းလှုပ်နေမိတာမို့ အောက်ခင်းနဲ့ဖိနပ် ထိသံကြားကထွက်နေသည့်အသံဟာ တဒေါက်ဒေါက်ပါပဲ။
ထိုစက္ကန့်အတွင်းမှာ တံခါးပွင့်သွားတာနဲ့အတူ ခေါင်းလည်းပြန်မတ်လိုက်မိတာကြောင့် ဂျီအွန်းဟျောင်းရဲ့ကြိုဆိုပုံက အလိုလိုနေရင်းတောင်သူ့အားစိတ်လှုပ်ရှားနေစေပါ၏။ သူအထဲရောက်မှ တံခါးကိုလွှတ်လိုက်ပြီးပိတ်ပေးသည်။
" ဝင်လာလိုက်၊ ကိုယ် အထဲမှာကြိုပြင်ပေးနေတာ .. ရောက်လာတာကွက်တိပဲ "
မျက်လုံးတစ်ဖက်ကိုပါဖျက်ခနဲမှိတ်ပြသွားလို့အရှေ့မှဦးဆောင်လျှောက်ဝင်သွားတဲ့ ဂျီအွန်းဟျောင်းရဲ့လွတ်လပ်ပေါ့ပါးနေပုံမှာ ကျောင်းမှာထက်တောင်ကြည့်ကောင်းနေသည်။ ထို့ကြောင့် ပထမဆုံးရောက်ခြင်းဖြစ်သည့်တိုင်အောင် သူက နေရခက်နေတာမျိုးမရှိဘူး။
.
.ဆိုဖာပေါ်မှာ မှီထိုင်ရင်း စတင်ဖွင့်ထားတဲ့ ရုပ်ရှင်အား မက်သရူးက အာရုံစိုက်လို့နေသည်။ ပို၍ကြည့်လို့ကောင်းအောင်ဆိုပြီး ဂျီအွန်းဟျောင်းဟာ လိုက်ကာတစ်ချို့တွေဆွဲပိတ်ပြီး မီးပိတ်ထားပေးတယ်။ အမှန်တိုင်းပြောရရင် ထိုသို့ကြည့်လို့ရတာတောင် သူကအာရုံသေချာမစိုက်နိုင်ခဲ့ဘူး။ ဘေးမှာအတူထိုင်နေတဲ့ ဂျီအွန်းဟျောင်းကြောင့်ပဲပေါ့။
ခန္ဓာကိုယ်ကိုနေရာတကျဖြစ်အောင်ပြင်လိုက်တိုင်းမှာ မထိမသာထိမိသွားတတ်တဲ့ လက်မောင်းတွေကြောင့် မက်သရူးက ဂျီအွန်းရှိရာဘက်ခိုး၍မော့ကြည့်တတ်ပါ၏။ နေရာကထင်သလောက်လည်းကြပ်မနေခဲ့တာပါ ။