Unicode
ခြေလှမ်းတွေက ဆက်တိုက် ရှေ့ကိုလှမ်းနေခဲ့ပေမယ့် လေးလံနေတဲ့စိတ်နဲ့အတူ မပြတ်မသားစိတ်တို့က စေ့ပိတ်ရုံသာကျန်နေခဲ့တဲ့ တံခါးအတွင်းဆီသာ အာရုံစိုက်နေမိခဲ့တယ်။ ဒီလူက သူ့အပေါ်အဆုံးစွန်ထိ နာကျင်မှုတွေပေးခဲ့တာတောင် မပြတ်သားနိုင်ဖြစ်နေရတာက ဝဋ်ကြွေးတစ်မျိုးလို့မြည်မလား ။
သဲသောင်ပြင်ထဲ မဆိုသလောက်နစ်ကာ လျှောက်နေတဲ့ ခြေထောက်တို့က ယိုင်နဲ့နဲ့ .. ပင်လယ်ဘက်က လာနေတဲ့လေက မနက်ပိုင်းကထက်တောင်အေးနေပေမယ့် သူ့အနွေးထည်ကိုယ်ထဲတောင် တိုးဝင်နေသည့်တိုင်အောင် မက်သရူးရင်ထဲမှာ မအေးနိုင်။ မီးနဲ့တူတဲ့လူမျိုး ဖြစ်တဲ့ ဂျီအွန်းဟျောင်းဆီက ဝေးဝေးထွက်မပြေးနိုင်ဘဲ သူကိုယ်တိုင် အပူဟပ်ခံတဲ့ ပိုးဖလံကောင်သာသာလို ဝေ့ဝဲနေခဲ့တာ အဆုံးထိ။ ဒါကြောင့်လည်း ဒီဆက်ဆံရေးက ပြတ်တောက်ဖို့ခဲယဥ်းနေခဲ့တာ ..
လေပြင်းပြင်းတိုက်ဝှေ့သံကြားတွေထဲမှာ သက်ပြင်းရှိုက်သံ တိုးတိုးကတော့ ကြားညှပ်စွာ
" စီနီယာ အဆင်ပြေရဲ့လား "
စိုးရိမ်တကြီးမေးလာသံကြောင့် မက်သရူးတစ်ယောက် မျက်စိရှေ့က ပတ်ဂွန်းနုကို အားနာသွားရပြန်တယ်။ သူ့ကိုမျှော်လင့်တကြီးကြည့်နေတဲ့လူတစ်ယောက်ရှေ့မှာ သူက တခြားလူတစ်ယောက်အကြောင်းကိုတစ်ချိန်လုံးစဥ်းစားနေမိခဲ့တာပဲ။
" ဘာမှမဖြစ်ပါဘူး ဒီနေ့နည်းနည်းပင်ပန်းသွားလို့ဖြစ်မယ် "
ရယ်သံနှောပြောလိုက်သည်နှင့် မက်သရူးရဲ့ပုံစံအတိုင်း အပြုံးချိုချို တို့က နွမ်းနယ်နေတဲ့မျက်နှာကြားမှ တောက်ပစွာရှိနေတုန်း ။ ဂွန်းနု စက္ကန့်ပိုင်းလောက်ထိ ငေးမောကြည့်နေမိရင်းမှ ဒီဆုံးဖြတ်ချက်က သူ့အတွက်ပိုလို့သေချာသွားခဲ့တယ်။
စီနီယာကို အမြဲပျော်နေတဲ့လူတစ်ယောက်ဖြစ်အောင်လုပ်ပေးချင်တယ် !
အခုလို ထွက်လာခိုင်းရတာကလည်း သူ့ခံစားချက်တွေကိုဝန်ခံချင်လို့။ တကယ်ဆို စီနီယာကို သူ့ဘက်က သဘောကျနေခဲ့တာ ကြာခဲ့ပြီ။ ရင်းနှီးဖို့ အခွင့်အရေးမရတာကြောင့်သာ အဝေးကနေပဲ သဘောကျခဲ့ဖူးတာ။ ပြောရရင် စီနီယာဆောင်းဟန်ဘင်းကိုကျေးဇူးတင်ရမည် ။ ဒီ project မှာ ပါဝင်ပေးခဲ့လို့ .. အခုလို စီနီယာနဲ့ရင်းနှီးခွင့်ရခဲ့တာ ။