15

820 98 13
                                        

Unicode


အသိဉာဏ်သာရှိရင် ကောင်းတဲ့ဘက်ခြမ်းနဲ့ ဆိုးတဲ့ဘက်ခြမ်းကို ထင်ထင်ရှားရှားရွေးချယ်တတ်မှာပဲ။ မှားမှန်းသိရက်နဲ့ ရှေ့ဆက်တိုးရွေးချယ်နေမိရင်တော့ ဒါကဆင်ခြံတုံတရားကင်းမဲ့နေပြီလို့ပြောရမယ်။ ​

ဟုတ်တယ်
ကင်ဂျီအွန်းနဲ့ပတ်သတ်ရင် သူက အဲ့လိုလူမျိုးပဲ။ နာကျင်တဲ့ကြားကရလာတဲ့ချိုမြိုန်မှုကိုသာယာနေမိတာ .. ရုန်းမထွက်နိုင်တော့တာ .. မုန်းစရာကောင်းလောက်အောင်ပဲ အဓိကဇာတ်လိုက်က သူ့ကိုဘယ်တော့မှဝေးဝေးပြေးလို့ရအောင် မလွှတ်ပေးဘူး။

ပင်လယ်ထဲ နစ်မွန်းနေတဲ့အခိုက်အတန့်တွေလို မက်သရူးအသိတွေဝေဝါးစွာ။ ပြတ်တောင်းလုဆဲဆဲလေတွေက ခန္ဓာကိုယ်ထဲမလုံမလောက် . ထွေးထွေးအိအိနဲ့ စိုစွတ်ပြီးအလောတကြီးနိုင်လှတဲ့ နှုတ်ခမ်းတွေရဲ့လှုပ်ရှားမှု ကို ဆက်ပြီးမလိုက်နိုင်တော့တဲ့အခါ သူ့ဘက်က စခွာရတယ်။ အတော်ကြာမှိတ်ထားမိတဲ့မျက်လုံးတွေက ရစ်ဝဲနေတဲ့မျက်ရည်ကြည်တစ်ချို့ကြောင့် တော်တော်နဲ့မဖွင့်နိုင်ဘူး။

သူ့မျက်နှာစောင်းပေါ်မှာ ကြီးမားပြီးနွေးထွေးတဲ့လက်တစ်ဖက်ကထွေးပွေ့ထားတုန်းပဲ။

တဖျက်ဖျက်ခတ်လို့ပွင့်လာတဲ့မျက်လုံးတွေရဲ့အမြင်ဟာ အနည်းငယ်တော့ဝေဝါးစွာ။ ဂျီအွန်းရဲ့အင်္ကျီအဖြူဟာ သူ့ရဲ့လက်တွေကြောင့် ကြွေမွပြီးနေပြီ။ အသက်ရှုသံပြင်းမျှမျှကလွဲရင် အခန်းထဲလေထုကပူနွေးပြီးတိတ်ဆိတ်လို့နေတယ်။ စီနီယာနဲ့တွေ့လိုက်ရင်ကို အသိဉာဏ်ကင်းမဲ့သွားတဲ့အဖြစ်ဟာ မက်သရူးဘယ်လိုမှရှောင်လွဲလို့မရတဲ့ကံကြမ္မာ။

ပူနွေးနေတဲ့လေထုကိုဆန့်ကျင်ပြီး ရှေ့ကခန္ဓာကိုယ်ကို တွန်းဖယ်ကြည့်တော့ ခါးနောက်ကနေ ထိန်းဖက်လာတဲ့လက်တွေက သူ့ကို ထပ်မံချုပ်နှောင်တယ်။

" ကျေးဇူးပြုပြီး .. အရင်လိုပြန်လာပေး .. ကိုယ်တောင်းဆိုနေတာ "

တိုးတိမ်နစ်ဝင်နေတဲ့ အသနားခံအသံဟာ မှားတာရှိတိုင်း ရှေ့ကိုရောက်လာပြီးပြောနေကျလေသံတွေအတိုင်း။ ဒီလိုမျိုးကို သူ ဘယ်လိုယုံကြည်ရမလဲ? ဂျီအွန်းဟျောင်းနဲ့ပတ်သတ်ပြီးယုံကြည်မှုတွေက သူ့အသိထဲမှာပြိုလဲပျက်စီးကုန်ပြီ။ ဒါတောင် လက်မလွှတ်ဘဲ ဖယ်တွယ်ချင်နေတာလည်း သူကိုယ်တိုင်။

Strawberry and Cigarette Where stories live. Discover now