UnicodeTaxi ပေါ်ကနေဆင်းပြီးတာနဲ့ ရစ်ခီပြောသည့် နေရာအား သူရောက်လာခဲ့သည်။ ' ကင်မ်ဂျီအွန်း ' ဆိုတဲ့နာမည်တစ်ခုအောက်မှာ သူ့စိတ်တွေလွတ်ထွက်ကုန်တာသေချာပါ၏။ မဟုတ်ရင် ညဘက်ကြီး မသွားဖူးတဲ့ကလပ်ကိုပင်တစ်ယောက်ထဲလိုက်ဖို့ဆိုတဲ့အင်အားက ဘယ်လိုမှမဖြစ်နိုင်ဘူး။
" ရစ်ခီ ငါရောက်ပြီ မင်းဘယ်မှာလဲ "
အရှေ့ပေါက်ရပ်တာနဲ့ အားကိုးစရာတစ်ယောက်ရှိတာမို့ ဖုန်းဆက်လိုက်ပြီး ရစ်ခီဆီက ' အထဲမှာစောင့်နေတယ် ' ဆိုတဲ့ပြန်ဖြေသံကြားပြီးတာနဲ့ ဟူဒီအိတ်ကပ်ထဲကို ဖုန်းရောလက်ရောပါထည့်သိမ်းလိုက်သည်။
.
အပြင်နဲ့မတူတဲ့ခံစားရတဲ့ အသစ်အဆန်းတွေကများလွန်းတယ်။ မီးရောင်တဖျက်ဖျက်အောက်မှာ ရစ်ခီ့ကိုရှာဖွေရတာဟာ ခက်ခဲလှပါတယ်။ ဖုန်းထုတ်ဆက်ဖို့ဆိုတာကတော့ ဆူညံနေလွန်းလို့ပိုလို့မဖြစ်နိုင်ဘူး။
များပြားလှတဲ့လူတွေကြည့်ပြီး မက်သရူး နောင်တရချင်လာပါ၏။ ကင်မ်ဂျီအွန်းက တကယ်ဆိုသူနဲ့မဆိုင်သေးတဲ့လူတစ်ယောက်ပဲ .. အဲ့တာကိုတောင် သတိလွတ်ပြီးဒီအထိလိုက်လာခဲ့မိတယ်။ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် ပြန်လှည့်ဖို့ရာ ခြေထောက်တွေကိုဦးတည်ရာပြောင်းလိုက်တယ်။
ဝင်တိုက်မိသွားတဲ့လူကြောင့် ခေါင်းကိုပင်ငုံ့လို့မက်သရူးဟာ တောင်းပန်စကားကိုသာ အထပ်ထပ်အခါခါပြောထွက်တယ်။ ပြဿာတွေမဖြစ်ချင်တာမို့ ..
" ဟေး ငါပါ ရစ်ခီ! ဒီကိုလာ "
လက်မောင်းကိုလှမ်းပုတ်လို့ထိုအသံကြားမှ ဆော့မက်သရူး ဟာ သူ့ရဲ့ခေါင်းကိုမော့လိုက်ပြီး ရစ်ခီ့ကိုအားကိုးတကြီးကြည့်ရှာတယ်။ ငိုမဲ့မဲ့မျက်နှာကို အမှောင်ထဲမှာတောင် မြင်နေရတာမို့ ရစ်ခီဟာ ရယ်ချင်နေသည့်စိတ်အား ချုပ်ထိန်းရင်း သူ့ရဲ့ဝိုင်းဘက်ကို ပခုံးမှသိုင်းဖက်ပြီး ကာကွယ်လို့ခေါ်သွားလိုက်တယ်။
.
" ဒါကျွန်တော့်ရဲ့သူငယ်ချင်း ဆော့မက်သရူး .. အနုပညာဌာနကပဲ ငါတို့ရဲ့စီနီယာ ဆောင်းဟန်ဘင်း .. မင်း, မသိလို့ ဟျောင်းက ရိုက်ကူးရေးဘက်တွေမှာနာမည်ကြီးတယ် "