6

898 149 11
                                    

Unicode

" မက်ချူး ဆံပင်ညှပ်ထားတာလား "

မှတ်စုစာအုပ်ထဲ အရေးကြီးတာတွေကူးမှတ်နေရင်းမှ ဘေးကကင်မ်ဂျီအွန်း ရဲ့အသံကြောင့် လှုပ်နေတဲ့ဘောပင်လေးရပ်သွားတယ်။ မက်သရူးက လက်ကိုအသာချလိုက်ပြီး စိုက်ကြည့်နေတဲ့ဘေးကအကြည့်တွေကို မဝံ့မရဲစွာနဲ့​ပြန်ကြည့်လိုက်တယ်။

တကယ်ဆို သူ ဆံပင်ညှပ်ထားသည့်ကိစ္စကို မနက်ထဲက ဂျီအွန်းဟျောင်းဆီက သတိထားမိဖို့မျှော်နေခဲ့တာ။ စာကြည့်တိုက်ထဲနှစ်ယောက်တည်း ဘေးချင်းကပ်ထိုင်နေသည့်အချိန်အခါရောက်မှ သူ့ကို ထိုအကြောင်းမေးလာသည်။

" ဟျောင်းအမြင်မှာ တစ်မျိုးဖြစ်နေလို့လား "

တခြားလူတွေရဲ့အမြင်ကို မသိချင်ပေမယ့် ဂျီအွန်းဟျောင်း ရဲ့အမြင်ကိုတော့သိချင်ပါသေး၏။ ဒီလိုညှပ်လိုက်တာကရော ဘယ်သူကြောင့်မဟုတ်လို့လည်း .. ထိုနေ့ညက အိမ်ကိုလိုက်ပို့ပြီး မျက်စိရှေ့ကျနေတဲ့ဆံပင်တွေကိုသပ်ပေးလို့ ပြောခဲ့တဲ့စကားကို သူ မှတ်မိနေပါသေးတယ်။

' မက်ချူး ဆံပင်တွေရှည်နေပြီနော် ' တဲ့။

ထိုလိုအသေးအမွှားလေးတွေကနေတောင် လူကို ရင်ခုန်အောင်လို့ လုပ်တတ်မှန်း ဂျီအွန်းဟျောင်းကတော့ သိပုံမပေါ်ဘူး။

အခုလည်း ခေါင်းကိုညင်သာစွာဖိကပ်လို့လာတဲ့လက်ကြောင့် မက်သရူးကိုယ်လေးကျုံ့သွားတယ်။

" အရမ်းလိုက်တယ် "

ပါးကိုပါအုပ်ကိုင်လို့သွားပြီးမှပြန်ခွာသွားတဲ့အခါ မက်သရူးရဲ့နှုတ်ခမ်းတွေပြုံးတယ်။ အထိအတွေ့ကိုလည်း ရင်းနှီးနေပါပြီ .. ဂျီအွန်းဟျောင်းက တစ်ဖက်လူကို သက်သောင့်သက်သာဖြစ်အောင်နဲ့ အလွယ်တကူပဲ ပုံမှန်အတိုင်းပြုမှုတတ်တဲ့လူ။ အဲ့တာတွေကြောင့်ပဲ လူတိုင်းက သဘောကျနေတာ။

" ဟျောင်း "

စာဖတ်နေရင်းနဲ့ ကင်မ်ဂျီအွန်းကခပ်တိုးတိုးထူးပါ၏။ စိတ်လှုပ်ရှားလွန်းနေသည့်ပုံပေါ်တဲ့ မက်သရူးကိုတော့ မြင်လိမ့်မည်မဟုတ်ပါ။

လေမတိုက်ဘဲနဲ့အေးစက်နေတဲ့လက်ချောင်းတွေကို သူက ဖိဆုပ်ကိုင်ပွတ်သပ်လိုက်နဲ့ ဂနာမငြိမ်။ ဂျီအွန်းဟျောင်းကို ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်တာက စိတ်ကူးထဲမှာထက်လက်တွေ့ကပိုခက်ခဲတယ်။ ပြောမထွက်ပါ .. အစလေးတောင်ပြောဖို့ သူ မလုပ်နိုင်ဘူး။

Strawberry and Cigarette Where stories live. Discover now