4

957 131 7
                                    


Unicode

စီနီယာကင်မ်ဂျီအွန်း , ဘဝထဲ ဝင်ရောက်လာတဲ့နေ့ကစပြီး သူ့ရဲ့နေ့ရက်တိုင်းက ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နှက်လို့လာခဲ့တယ်။

.

မနက်စာကို ကျောင်းမှာပဲ စားဖြစ်တော့တဲ့ မက်သရူးဟာ အိမ်ကိုတော့ အတန်း နောက်ကျလို့ဆိုသည့်အကြောင်းပြချက်များပေးတတ်ခဲ့ပြီ။ cafeteria မှာ ထယ်ရယ်နဲ့ရစ်ခီတို့ နဲ့အတူထိုင်မယ့်အစား စီနီယာနဲ့ နှစ်ယောက်ထဲ ထိုင်ဖြစ်လာတယ်။

ထယ်ရယ်တို့ကတော့ သိသိသာသာရှောင်ပေးကြပေမယ့် စီနီယာဂျီအွန်း ကို သတိထားဖို့တော့ အမြဲပြောတတ်ကြသည်။ သူတို့တွေက စီနီယာဟာ သူ့အပေါ်စိတ်ရင်းဖြစ်မဖြစ် မသိနိုင်တာမို့ တွယ်ကပ်မမိအောင်သာနေဖို့ ပြောတတ်ပါသေးတယ်။

ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ?

ကင်မ်ဂျီအွန်း ဆိုတဲ့ အမျိုးသားရဲ့ဆွဲဆောင်မှုတွေကလွတ်လမ်းမရှိဘူးဆိုတဲ့ စကားသံတွေပဲ သူ့နားထဲမှာကြားနေခဲ့တယ်။

ကြည့်ကောင်းလွန်းတဲ့ခြေတံရှည်တွေ . ထင်းနေတတ်တဲ့ မေးရိုးတွေ . အထူးသဖြင့် မျက်လုံးတွေ .. တစ်မူထူးခြားနေတတ်တဲ့မျက်လုံးတွေရဲ့အကြည့်ဟာ တစ်ဖက်လူကို ဒီအတိုင်းအကြည့်ခံနေရရင်တောင် အရည်ပျော်ကျနိုင်စွမ်းရှိပါသည်။

စီနီယာက ထိုသို့ကြည့်ကောင်းနေရုံနဲ့ပြီးမသွားပါ။

တစ်ဖက်လူကို ဘယ်လိုမျိုးစကားတွေနဲ့ ထိန်းချုပ်ရမလဲဆိုတာကိုပါကျွမ်းကျင်ပါသေးတယ်။ စကားလုံးလှလှတွေ . . ဂရုတစိုက်ရှိမှုတွေ . . အပြုံးတွေ . . အားလုံးကတကယ်တော့

ထောင်ချောက်ပဲ!

.

" မက်ချူးက ပဲ မကြိုက်ဘူးကို "

ထမင်းပန်ကန်လုံးထဲကနေ ပဲစေ့တွေကို တူနဲ့ညှပ်ဖယ်နေတဲ့ မက်သရူးရဲ့လက်လေးရပ်သွားတယ်။ စီနီယာရှိနေတာကိုမေ့ပြီး ဖယ်နေမိတာ . တကယ်ဆို သူကြိတ်မှိတ်စားလိုက်လည်းဖြစ်ပါတယ်။ အခုတော့စီနီယာက သူ့ကို အစားရွေးတဲ့လူတစ်​ယောက်လို့ထင်တော့မည်။

Strawberry and Cigarette Where stories live. Discover now