Unicode
အခုအခြေအနေတွေက ဘယ်လိုလဲဆို သူ ဂျီအွန်းဟျောင်းနဲ့ အတူတွဲအတူလာရှိနေတာ သုံးပတ်လောက်ရှိသွားပြီ . . ဘာဆက်ဆံရေးမှန်းမသိတဲ့ခေါင်းစဥ်အောက်ရောက်နေခဲ့ရသည် ။ တော်တော်များများကလည်း ဂျီအွန်းဟျောင်းအနားမှာရှိနေတဲ့ သူ့ကို သိလာကြပြီ ။ အတင်းအဖျင်းလို စကားတွေလည်းရံဖန်ရံခါကြားရတတ်တယ်။
ကင်မ်ဂျီအွန်းနဲ့ ပတ်သတ်မိတဲ့ ရလဒ်တွေပေါ့။
.
" ဒီနေ့ပြန်ရင် မေဂျာပွဲရှိတယ်နော် .. အတူသွားကြမယ် "
ထယ်ရယ့်ရဲ့စကားကြောင့် စာအုပ်တွေ အလောတကြီးနဲ့ သိမ်းနေရာကနေ မက်သရူးကပြန်ဖြေတယ်။
" မလိုက်တော့ဘူး၊ သွားစရာရှိတယ် "
" ထပ်ပြီး စီနီယာနဲ့ပဲလား? "
ဘေးက ရစ်ခီရဲ့ဆူချင်နေတဲ့လေသံအောက်မှာမက်သရူးကတော့ ပျော်ရွှင်နေဟန် မျက်နှာလေးက လန်းဆန်းလို့သာနေ၏။
" မလိုက်တော့မှာသေချာလား? ဌာနရဲ့စီနီယာတွေပါ, လာရမှာကို မင်းရဲ့ ဂျီအွန်းဟျောင်းလည်း ပါမှာလေ .. အဲ့တာကိုဘယ်သွားမှာလဲ "
ဒီတစ်ခါတော့ ထဖို့ပြင်နေပြီးမှ မက်သရူးကရပ်သွားတယ်။ ဒီအကြောင်းကို ဟျောင်းက သူ့ကိုမပြောလာပါဘူး .. အတန်းဆင်းရင် ရုပ်ရှင်အတူကြည့်ကြမယ်လို့ပဲ ချိန်းထားတာ။ အခုလောနေရတာကလည်း စောင့်ခိုင်းထားတဲ့ အတန်းရှေ့ထွက်သွားဖို့ပင်။ လွယ်အိတ်ကိုကောက်လွယ်ပြီးတာနဲ့ အထွက် ဖုန်းဝင်လာသည်က ကင်မ်ဂျီအွန်း ဆီက။
" ဟျောင်း . . ကျွန်တော်အခုပဲ ... "
" တောင်းပန်ပါတယ် မက်ချူးရယ်၊ ဒီနေ့ ဌာနကလူတွေကိုယ့်ကိုအတင်းခေါ်နေလို့ .. မနက်ဖြန်ရော? မနက်ဖြန်သွားကြရအောင် "
လန်းလန်းဆန်းဆန်းအပြုံးတွေမှာ တဖြေးဖြေးပျောက်သွားတဲ့အခါ ထယ်ရယ်နဲ့ရစ်ခီက မက်သရူးရဲ့မျက်နှာကို သာတိတ်တဆိတ်အကဲခတ်လို့စောင့်ဆိုင်းနေကြတယ်။
" မက်ချူး စိတ်မဆိုးဘူးမှတ်လား "
" ကျွန်တော်ကဘာလို့လဲ? "