ကျွန် အပိုင်း ၂၉

516 37 0
                                    

"ကျွန်" အပိုင်း ၂၉
.
ရှောင်ကျန့် အိမ်ရှင်ကြီးရယ်..ဧည့်ဝတ်တော့ကျေသင့်တယ်နော်..ပီးတော့နေမကောင်းနေတဲ့ကလေးကိုပြဇာတ်တိုက်ခိုင်းရလောက်အောင်ထိငါကလူမဆန်တဲ့ရုပ်ပေါက်နေလို့လား..

ဖြေတဲ့အဖြေထဲမှာ..မင်းလောက်တော့မရိုင်းပါဘူးလို့မပြောရုံတမယ်ဖြေတာကြောင့်..အားလုံးမှာ..ရှောင်ကျန့်နဲ့ဟွိုက်ခွမ်းရဲ့ဆက်ဆံရေးကိုသိထားသောကြောင့်..ပင့်သက်ပင်မရှိုက်ရဲ..

ဝမ်မားကတော့သူတို့လူငယ်တေကိစ္စလုံးဝကိုလိုက်မမှီတော့ပါချေ..အံတချက်ကြိတ်ပီး..ဝမ်ရိပေါ်ဘက်လှည့်သွားပြန်သောရှောင်ကျန့်

ဝမ်ရိပေါ်.မင်းဘယ်နားနေမကောင်းတာလဲ..မနေ့ကထိအကောင်းကြီး..

အစ်ကို.ကျတော်အဆင်ပြေပါတယ်..

ဒါဆိုလဲ.မင်းဘာမင်းယူမစားနိုင်ဘူးလား.ဘာလို့သူများခွံ့ကျွေးခံနေတာလဲ..

ဝမ်မားကိုရှေ့ထားကာ.ရန်လုပ်နေပါသောရှောင်ကျန့်

ရိပေါ်မှာတော့ခေါင်းလေးငုံ့သွားကာ.ဘာမှမဖြေတော့..

ရို့..ရှောင်ကျန့်..ကိုယ့်ညီကိုအူတိုနေတာကြည့်စမ်း..မင်းညီကိုကိုက်မစားပါဘူးရှောင်ကျန့်ရယ်..

ထိုသို့ပြောတော့.ပြုံးပီးသူ့ဘက်လှည့်လာကာ.

မင်းပါးစပ်ကို.မင်းကိုယ်တိုင်ပိတ်မလား.ငါပိတ်ပေးရမလားဟွိုက်ခွမ်း
လို့မေးတဲ့ရှောင်ကျန့်

ဟားဟားရှောင်ရာ..ငါပိတ်ပါပီ..ရိပေါ်လေးမျက်နှာကြောင့်နော်..

မေးရိုးတို့ထောင်ထသည်ထိဒေါသဖြစ်တာကို.ထပ်ချုပ်တည်းပီး

ပြောပါအုံးကျိုးချန်တို့ကရော..ရိပေါ်ဆီလာတာလား

အေး.ရှောင်ကျန့်အရမ်းနေမကောင်းဖြစ်နေလားလို့

အခုသိပီမလားပြန်ကြတော့.

ရှောင်ကျန့်ပြောချင်တာကတမျိုး.ထွက်သွားတာကတမျိုးသူ့ကိုယ်သူလဲ.နားမလည်

ထိုအခါ.ဒေါသဖြစ်လွယ်သောဖန်ရှင်းက.

ရှောင်ကျန့်ခင်ဗျားဘာဖြစ်နေတာလဲ.ကျတော်တို့သူငယ်ချင်းဆီလာလည်တာလေခင်ဗျားဆီလာတာမဟုတ်ဘူး

ကျွန်Where stories live. Discover now